Sunday, November 30, 2014

ဂျပန် နီဆန်းကားကုမ္ပဏီမှ နောက်ဆုံးပေါ် ကားသစ်နှစ်မျိုး ဈေးကွက်တွင် စတင်ဖြန့်ဖြူး

နိုင်နိုင်ဇော်

Nissan Motor (ETCM) ကုမ္ပဏီမှ နောက်ဆုံးထွက် Altima နှင့် X-Trail Model ကားသစ်နှစ်စီးကို မြန်မာ ပြည်ဈေး ကွက်သို့ စတင် ဖြန့်ဖြူးပြီဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်ဒေါ်လာ ခြောက်သောင်း ဝန်းကျင်တန်ကြေးရှိ ယင်းကားမော်ဒယ်သစ် နှစ်စီးကို ဒီဇင်ဘာလ မတိုင်မီဝယ်ယူသူများအတွက် ကန်ဒေါ်လာ ၃၀၀ နှင့် ညီမျှသည့် ကားဆီဖြည့်တင်းပေးခြင်းနှင့် နှစ်နှစ်အခမဲ့ လုပ်အားဝန်ဆောင်မှုနှင့် အပိုပစ္စည်းဝန်ဆောင်မှု များ ပေးအပ်သွားမည်ဟု ယင်းကုမ္ပဏီထုတ်ပြန်ချက်၌ ဖော် ပြထားသည်။

ETCM ၏ Senior Regional Director Dr. Ang Bon Beng က “အခုမိတ်ဆက်တဲ့ ကားတွေကို ဝယ်ယူတဲ့ သူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်အောင် ဖန်တီးပေးထားပါတယ်။ ပြည်တွင်းရဲ့ မော်တော်ကားလုပ်ငန်းကြီးထွားမှုနဲ့ လိုအပ်ချက်ကိုလည်း အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မှာပါ”ဟု ဆိုသည်။

ကားလိုအပ်ချက်ကြီးမားစွာမြင့်တက်နေသည့် မြန်မာပြည်ဈေးကွက်နှင့် ကိုက်ညီစေရန် Nissan Altima ကို ကန်ဒေါ်လာ ၆၀,၅၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး Nissan X-Trail ကို ကန်ဒေါ်လာ ၅၉,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

No comments: