Saturday, November 29, 2014

သေဆုံးသူ ဗိုလ်လောင်းတွေအတွက် သြစီ ကချင်တွေဆန္ဒပြ

ABC

သြစတြေးလျနိုင်ငံမှာ ​ရောက်ရှိနေကြတဲ့ ​ကချင်နဲ့ ​မြန်မာအဖွဲ့အစည်းတချို့က ​မြန်မာသံရုံးရှေ့မှာ ​ဆန္ဒပြနေကြပါတယ်။

ကချင်တပ်ရဲ့ ​ဗိုလ်လောင်း ​သင်တန်းကျောင်းကို ​မြန်မာ ​စစ်တပ်က ​ပြီးခဲ့တဲ့ ​၁၉ ​ရက်နေ့က ​လက်နက်ကြီးနဲ့ ​ပစ်ခတ်ခဲ့ရာက ​ဗိုလ်လောင်း ​၂၃ ​ယောက် ​သေဆုံးရတာနဲ့ ​ပတ်သက်ပြီး ​မြန်မာ ​စစ်တပ်ရဲ့ ​လုပ်ရပ်ကို ​ဆန့်ကျင်ဖို့ ​ဖြစ်ပါတယ်။

ကင်ဘာရာမြို့က ​မြန်မာသံရုံးရှေ့မှာ ​မကြာခင် ​ဆန္ဒပြကြမယ့်အကြောင်းကို ​လူးဝစ်စ်မြီထွယ် ​က ​ပြောပြသွားတာ ​ဖြစ်ပါတယ်။ ​ကချင်ဗိုလ်လောင်း ​သင်တန်းကျောင်းမှာ ​တခြားလက်နက်ကိုင် ​တိုင်းရင်းသား ​အဖွဲ့သားတွေလည်း ​ပါဝင် ​သင်တန်းတက်နေတဲ့အတွက် ​သေဆုံးသူတွေထဲမှာ ​တခြား ​တိုင်းရင်းသားတွေလည်း ​ပါဝင်ကြပါတယ်။

အဲဒါကြောင့် ​ရခိုင်ပြည်နယ် ​မြောက်ဦးမြိ့နဲ့ ​စစ်တွေမြို့မှာလည်း ​ကျဆုံးသွားတဲ့ ​ကချင်ဗိုလ်လောင်းနဲ့ ​ရခိုင်ဗိုလ်လောင်းတွေအတွက် ​အောက်မေ့ဖွယ် ​အခမ်းအနားတွေ ​ပြုလုပ်ခဲ့ကြပါတယ်။

No comments: