Saturday, November 29, 2014

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအား ဒေါ်စုနှင့် NLD အမတ်တို့ ထမင်းစားဖိတ်

စိုးသန်းလင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်အမတ်တို့က တပ်မတော်သား လွှတ်တော်အမတ် များအား နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ နိုဝင်ဘာ ၂၇ ရက် ညနေ ၅း၃၀ နာရီတွင် ထမင်းစားကြွ ရောက်ရန် ဖိတ်ကြားထားသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးတို့အား ဖိတ်ကြားထားခြင်းဖြစ်ပြီး “ကျွန်တော်တို့သွားဖို့ မသွားဖို့က အခုအထိ အဖြေမရသေးပါဘူး၊ ဒီညနေမှာ အကြီးအကဲကို တင်ပြရဦးမှာပါ”ဟု အမည်မဖော် လိုသူ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ယနေ့ နေ့လယ်ပိုင်းတွင် ဖြေကြားခဲ့သည်။ သို့ ရာတွင် ညနေ ၇ နာရီ၌ ဖုန်းဖြင့်မေးမြန်းခဲ့ရာ အဖြေမရသေးပါဟု အကြောင်းပြန်ခဲ့သည်။

ထို့အပြင် အမျိုးသားလွှတ်တော်ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့အား အမျိုးသားလွှတ်တော် အစည်းအဝေးများ ပြီးဆုံးချိန်တိုင်း ဟိုတယ်ကြီးတစ်ခုက တည်ခင်းသည့် ညစာစားပွဲကလည်း NLD အမတ် တို့ဖိတ်ကြားသည့် အချိန်နှင့် တိုက်ဆိုင်စွာ တစ်ထပ်တည်း ကျလျက်ရှိသည်။ ထိုညစာစားပွဲတွင် ပြည်သူ့ လွှတ်တော်မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ မပါဝင်သဖြင့် NLD ဖိတ်ကြားသည့် ညစာစား ပွဲကို တပ်မတော်အကြီးအကဲက ခွင့်ပြုပါက ပြည်သူ့လွှတ်တော်ရှိ တပ်မတော်သားအမတ်များလာရောက် ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။

အဆိုပါ ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး NLD အမတ်တို့ဘက်ကမူ တပ်မတော်သားတို့လက်ခံမှသာ ပွဲဖြစ်မည် ဖြစ်သောကြောင့် ထိုညစာစားပွဲကို အတည်မပြုနိုင်ပါဟု ဖြေကြားခဲ့သည်

No comments: