Mizzima
သမ္မတဦးသိန်းစိန်၏ လတစ်လ၏ ပထမဆုံးရက်တွင် ပြောကြားနေသည့် “မိဘပြည်သူများခင်ဗျာ” ဟု အစချီ သည့် မိန့်ခွန်းပြော ရန် မေ့လျော့မှုကြောင့် ထုတ်လွင့်ရန် နောက်ကျနေသည်ကို သမ္မတရုံးနှင့် နီးစပ်သူတစ်ဦး ကပြောသည်။
သမ္မတ၏ မိန့်ခွန်းကို လတစ်လ၏ ပထမဆုံးရက်တွင်ပြောကြားလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ နိုဝင်ဘာ ၂ရက်အထိ ထုတ်လွင့်ခြင်းမရှိသေးပေ။
"အရေးကြီးအစည်းအဝေးတွေနဲ့ အလုပ်တွေ ရှုပ်နေတာနဲ့ ခင်ဗျားပြောမှသတိရတယ်။ ဒီလက ပြောစရာတွေ အများကြီးရှိတယ်"ဟု တယ်လီဖုန်းဖြင့် ဆက် သွယ်ပြောဆိုစဉ် ၄င်းက မှတ်ချက်ပြုသည်။
သမ္မတ ငါးနှစ်သက်တမ်း အတွင်း ဦးသိန်းစိန်သည် ၂၀၁၂ခုနှစ် ဇွန်လ ၆ရက်မှ စတင်ကာ ရေဒီယိုမှတစ်ဆင့် လစဉ် မိန့်ခွန်းပြောကြားနေခြင်းဖြစ်သည်။
အောက်တိုဘာလအတွင်း အလွတ်သတင်းထောက်ကိုပါကြီးသေဆုံးမှု၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ်လက်မှတ်ထိုးရန် ဆွေးနွေးပွဲ မ ကျင်းပနိုင်ခဲ့ခြင်း၊ မြန်မာ့ထိပ်သီး ခေါင်းဆောင်များ အစည်း အဝေး၊ အမေရိန်ကန်သမ္မတအိုဘားမားနှင့် ဆက်သွယ်ပြောဆိုမှု၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အစီအမံ အပေါ် ကုလ နှင့် အမေရိကန်တို့၏ ဝေဖန်မှုစသည့် ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။
No comments:
Post a Comment