Saturday, November 8, 2014

မြန်မာခရီးမှာ တရုတ်ဝန်ကြီးချုပ် ဒေါ်စုနဲ့ တွေ့မှာမဟုတ်

ABC

တရုတ်နိုင်ငံ ​ဝန်ကြီးချုပ် ​Li ​Kegiang ​က ​မြန်မာနိုင်ငံကို ​လာမယ့်တပါတ်ထဲမှာ ​လာရောက်ဖို့ ​ရှိပါတယ်။ဒါပေမဲ့ ​မြန်မာ ​ခရီးစဉ်အတွင်း ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံမှာ ​မဟုတ်ပေမယ့် ​တရုတ်က ​မြန်မာနိုင်ငံအပေါ် ​ပေးနေတဲ့ ​ကူညီထောက်ပံ့ရေး ​တွေကို ​တိုးမြှင့် ​ပေးသွားဖို့ရှိပါတယ်။

ဘယ်လို ​အကူအညီမျိုးလည်း ​ဆိုတာကိုတော့ ​အသေးစိတ် ​ပြောပြခြင်း ​မရှိခဲ့ပါဘူး။

တရုတ်ဝန်ကြီးချုပ်ရဲ့ ​ခရီးစဉ်ဟာ ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​သဘောတူညီမှု ​ရယူထားတဲ့ ​ခရီးစဉ်ဖြစ်ပြီး၊ ​သမ္မတအပြင် ​ပါလီမန် ​အကြီးအကဲတွေနဲ့သာ ​တွေ့ဆုံဖို့ ​ရှိတယ်လို့ ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လာမယ့် ​လမှာ ​တရုတ်နိုင်ငံကို ​လည်ပတ်ဖို့ ​ရှိတယ်ဆိုတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီးတော့လည်း ​တရုတ်နိုင်ငံခြားရေး ​ဝန်ကြီးက ​သူတို့အနေနဲ့ ​ဘာအတည်ပြုချက်မှ ​မရရှိသေးတဲ့အတွက် ​ဘာအစီအစဉ်တွေ ​ရှိသလဲဆိုတာ ​မသိရသေးဘူးလို့ ​ပြောပါတယ်။

NLD ​ပါတီက ​ဒေါ်အောင်ဆန်းစုကြည် ​တရုတ်နိုင်ငံကို ​သွားရောက်မယ်လို့ ​ကြေညာထားပေမယ့် ​နောက်ပိုင်းမှာတော့ ​ဒေါ်အောင်ဆန်းစုကြည်ကလည်း ​ဒီခရီးစဉ်ကို ​အတည်မပြုရသေးဘူးလို့ ​ပြောဆိုထားပါတယ်။

No comments: