Monday, November 3, 2014

တောင်ကြီးတွင် စသုံးလုံး အရာရှိနေအိမ် မီးလန့်

ဂျွန်ချစ်ငြိမ်း

တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်ရှိ တိုက်ခြောက်လုံး တိုက်တန်းမှ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဒု-စုံမှူး ဇော်ဝင်းသန်း ဆိုသူ၏ နေအိမ် နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလန့်ခဲ့သည်ဟု တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

၎င်း၏ နေအိမ် အခန်းအတွင်း ဝါယာလျှော့ဖြစ်ကာ မီးလန့်ခဲ့ပြီး မိနစ်ပိုင်းအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

"ဖြစ်ဖြစ်ချင်း မီးသတ်ကား သုံးစီးနဲ့ အခင်းဖြစ်တဲ့နေရာကို ရောက်ပါတယ်၊ ၀ါယာလျှော့ဖြစ်တာပါ။ လူသေထိခိုက်ဒဏ်ရာရတာတွေ ပျက်စီးဆုံးရှုံးတာတွေ မရှိပါဘူး” ဟု တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှုဖွင့်ထားခြင်း ရှိမရှိ မေးမြန်းရာ စစ်ဆေးဆဲဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

No comments: