သီဟကိုကို
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ် ထပ်တိုး ထုတ်လုပ်နိုင်ရေးအတွက် GE (General Electronic) မှ ရင်းနှီးမြှပ်နှံသွားမည်ဟု နိုဝင်ဘာ ၁၃ ရက်တွင် GE က ထုတ်ပြန်လိုက်သည်။
ဂျီအီးနှင့် မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းတို့သည် လျှပ်စစ်ဓာတ်အားပေးရုံ အသစ်များ ပြန်လည် ပြင်ဆင်ခြင်းနှင့် မြန်မာနိုင်ငံတွင် ရှိနေသည့် ဓာတ်ငွေ့သုံး တာဘိုင်များကို အဆင့်မြှင့်တင်မှု အစီအစဉ်သစ်များ ဆောင်ရွက်ရန် သဘောတူမှုညီမှုများ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ပံ့ပိုးရန်အတွက် လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ် ထပ်မံ ထုတ်လုပ်မည်ဖြစ်ပြီး ရလာဒ်အားဖြင့် တူညီသော လောင်စာပမာဏတွင်ပင် ပိုမိုသည့် စွမ်းအင်ထုတ်လုပ်ပေးနိုင်သည့် စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တည်ရှိနေသည့် ဂျီအီး ဓာတ်ငွေ့သုံး တာဘိုင်များကို အဆင့်မြှင့်တင့်ရေးနှင့် အသစ်ပြန်လည် ဖြည့်ဆည်းခြင်း များကို ဆောင်ရွက်ရန် အချိန် ခြောက်လကြာမြင့်မည်ဖြစ်ပြီး အဆိုပါ အစီအစဉ်များကို မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့်အတူ ဂျီအီးမှ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။
အဆိုပါရင်းနှီးမြှပ်နှံမှု အစီအစဉ်အသစ်များသည် မြန်မာနိုင်ငံအတွင်း လုံလောက်သည့် လျှပ်စစ်စွမ်းအား ထောက်ပံပေးရေးကို တိုးချဲ့နိုင်ရေးအတွက် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သူအဖြစ် ပါဝင်လိုက်ခြင်းဖြစ်သည်ဟု ဂျီအီးအာဆီယံ၏ အမှုဆောင်အရာရှိချူပ် Mr.Stu Dean က ပြောသည်။
ပြီးခဲ့သည့်နှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည့် မြန်မာ့လျှပ်စစ်ဆိုင်ရာ အစီအစဉ်များ လေ့လာချက်ပြီးစီးပြီးနောက်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းနှင့် အပူချိန်တိုင်းတာခြင်းတို့ကို သိရှိနိုင်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ လေ့လာသုံးသပ်ချက် တစ်ခုကိုလည်း မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် ဂျီအီးတို့ ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံအခြေစိုက် ဂျီအီးကုမ္ပဏီသည် ၂၀၁၃ ခုနှစ် မေလတွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက် လာခဲ့ပြီး မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍ ပိုမိုမြှင့်တင်ရေးအတွက် အထောက်အပံ့ပေးလျက်ရှိသည်။ ဂျီအီး ကုမ္ပဏီသည် စွမ်းအင်၊ အိုးအိမ်၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ လေကြောင်းစသည့်ကဏ္ဍများကို လုပ်ကိုင် ဆောင်ရွက်နေသည့် ကုမ္ပဏီလုပ်ငန်းစုဖြစ်သည်။
No comments:
Post a Comment