မြတ်မင်း
တောင်သမန်အင်းအတွင်း ငှက်လှေစီး ၍ နေ၀င်ချိန်ကြည့်သည့် နိုင်ငံခြားသား ခရီးသွားဧည့် သည်များပြားလာ၍ငှက်လှေတစ်စင်း လျှင် နှစ်ဦးတင်ဆောင်ရာမှ လေးဦးသို့ ပြောင်းလဲတင်ဆောင်လျက်ရှိသည် ဟု တောင်သမန်ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက မဇ္ဈိမကို ပြောသည်။
တောင်သမန်အင်းအတွင်းရှိသည့် ငှက်လှေအရေအတွက်နှင့်ငှက်လှေစီး၍ နေ၀င်ချိန်ကြည့်မည့် နိုင်ငံခြားသားအရေအတွက်မှာမျှတမှုမရှိ၍ပြောင်းလဲရခြင်းဖြစ် သည်ဟု ဆိုသည်။
လက်ရှိအနေအထားတွင် တောင်သမန်သို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ တစ်ရက်လျှင် ၁,၀၀၀ ဦးခန့်ရှိကြောင်း၊ ငှက်လှေစီးမည့် နိုင်ငံခြားသား ခရီး သွားမှာ တစ်ရက်လျှင် ဦးရေ ၁၀၀ ဦးခန့်ရှိကြောင်း၊ တောင်သမန်အင်းအတွင်းရှိ ငှက်လှေစီးရေ မှာ ၄၇ စင်းသာရှိကြောင်း ဆိုသည်။
“ညနေခင်း နေ၀င်ချိန်ကြည့်တဲ့ အချိန်ကျရင် ငှက်လှေက မလောက်ဘူး။ နှစ်ယောက်စီးတာကို လေးယောက်ဆိုရင် အစီး ၂၀ ထွက်ရမယ့်နေရာမှာ ၁၀ စီးပဲ ထွက်ရမှာပေါ့။ ဒီလိုလုပ်မှ အဆင်ပြေ မှာပါ” ဟု ၎င်းက ပြောသည်။
တောင်သမန်သို့ နိုဝင်ဘာလအတွင်း ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ယိုးဒယားနှင့် ကိုရီးယားလူမျိုးများ လာ ရောက်လျက်ရှိပြီး ငှက်လှေစီးသည့် နိုင်ငံခြားသားခရီး သွားများတွင် ပြင်သစ်လူမျိုး နိုင်ငံခြားသား ဧည့်သည် များမှာ အများဆုံးဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment