Saturday, November 15, 2014

မန္တလေးမြို့တွင် တစ်လမ်းမောင်းစနစ် ပြောင်းလဲအ သုံးပြုမည်

မျိုးသန့်

မန်္တလေးမြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် အဆင်ပြေစွာ သွားလာနိုင် ရေးအတွက် တစ်လမ်းမောင်းစနစ် ကို ပြောင်းလဲ အသုံးပြုရန် စီစဉ်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း မန်္တလေးတိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက ပြောသည်။

မန္တလေးမြို့တွင်းတွင် ယာဉ်စီးရေ ၈ ဒသမ ၁၂ သိန်းရှိပြီး ဆိုင်ကယ်စီးရေမှာ ၆ ဒသမ ၉၉သိန်းထိ တိုးမြှင့်လာခဲ့ခြင်းနှင့်စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ယာဉ်ကြော ကျပ်တည်းခြင်းများ ဖြစ်ပေါ်လာခြင်းကြောင့် လိုအပ် သော နေရာများတွင် တစ်လမ်းမောင်းစနစ်ကျင့်သုံးနိုင်ရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။

“ယာဉ်မောင်းတွေက ယာဉ်ထိန်းနဲ့ ယာဉ်ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ စစ်ဆေးကြီးကြပ်ချိန်မှာ စည်း ကမ်းလိုက်နာကြတယ်။ ဒါအတွက် စစ်ဆေးမှုတွေ ကို လုပ်ဆောင်နိုင်အောင် မန္တလေးတိုင်းအစိုးရ အဖွဲ့ အတည်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိရင် သတင်းစာ၊လမ်းအချက်ပြတွေနဲ့ကြီးကြပ်မှုတွေထားရှိကာစတင် လုပ်ဆောင်မှာဖြစ်ပါတယ်” ဟု ၀န်ကြီးကပြောသည်။

မြို့တွင်းတွင် ပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းများသည် ၈၄ လမ်းတစ်လျှောက် အပြိုင်မောင်းနှင်ခြင်း၊ ခရီး သည် လုတင်ခြင်း၊ မီးပွိုင့်များတွင် ခရီးသည်များ အ တင် အချပြုလုပ်ခြင်း၊ လမ်းဘေးဆိုင်များတွင် ကား၊ ဆိုင် ကယ်များကို နှစ်ထပ်ရပ်နားခြင်းများကို ပြုလုပ်နေကြဆဲဖြစ်သောကြောင့် ယာဉ်ကြောကျပ်တည်း မှု များ ဖြစ် ပေါ်နေ ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် စစ်ကိုင်းယာဉ်လိုင်းများ၊ မြို့တွင်း၊ အဝေးပြေးယာဉ်များမှာ သတ်မှတ်နေရာတွင် မရပ်နားခြင်း၊ အိမ် စီးကားများ ပလက်ဖောင်း တစ်ပေအကွာတွင် မရပ် နားခြင်း၊ တက္ကစီယာဉ်များ ရပ်နားရန်နေရာ အတည်ပြု သတ်မှတ်နေရာ မရှိသေးခြင်းတို့ကြောင့် လေ့လာမှုများကို ပြုလုပ်ပြီး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဟုဆိုသည်။

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနှင့် ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ (ယကက)မြို့တွင်းတို့ကလည်း အဓိကလမ်းမများဖြစ်သည့် ၈၄၊ ၈၀၊ ၇၈၊ ၆၆၊ ၆၂၊ ၂၆ နှင့် ၃၅လမ်း စသည့်လမ်းများတွင် နေ့စဉ် သွားလာ နေသည့် မော်တော်ယာဉ်၊ ဆိုင်ကယ်စာရင်းများကို စစ်တမ်းကောက်ယူကာ ယာဉ်ကြောကျပ်တည်း မှု ဖြေ ရှင်းရေးနှင့် တစ်လမ်းမောင်းများ ပြင်ဆင်သတ်မှတ်ရေးတို့အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ညှိနှိုင်းမှုများကို ဆောင်ရွက်နေ ပြီဖြစ်သည်။

ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် စည်းကမ်းဖောက်ဖျက်မောင်းနှင်မှုမရှိစေရေးတို့အတွက် လမ်းဆုံ၊ လမ်းခွ ၁၉ နေ ရာ၊ ကျောင်းယာဉ်ရှင်း ၁၅ နေရာ၊ အချက် ပြ မီးပွိုင့် ၃၂နေရာတို့ကို ယာဉ်ထိန်း ၃၆၄ ဦးတို့ က ဆောင်ရွက်နေပြီး ယာဉ်ထိန်း တပ်ဖွဲ့ဝင် ၁၃၅ ဦးတို့မှာလည်း နေ့၊ ည စစ်ဆေးလျက်ရှိသည်ဟု အ မှတ် (၁၁)၊ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲ (မန္တလေး)ရှိ စာရင်းများတွင် ဖော်ပြထားသည်။

No comments: