Saturday, November 8, 2014

ဘင်္ဂလာဒေခ်ျ့ရှိ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်စခန်း နေရာရွှေ့မည်

နိရဉ္စရာ
မန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်တွေနေထိုင်တဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားခရိုင်က ကောတော့ပါလောင်နဲ့ နာယာပါရာ ဒုက္ခသည် စခန်း (၂) ခုကို တခြားပိုမိုကောင်းမွန်ပြီး ကျယ်ပြန့်တဲ့နေရာ တစ်ခုကို ရွှေ့မယ်လို့ သိရပါတယ်။

ခုလို ပြောင်းရွှေ့မယ်ဆိုတဲ့ အကြောင်းကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက ပြောတယ်လို့ သူမရဲ့ ပြန်ကြားရေး အတွင်းရေးမှူး (Press Secretary) က ပြောကြောင်း ဘီဒီ နယူး တွမ်းတီဖိုး သတင်းမှာ ဖေါ်ပြပါတယ်။

အခုသူတို့နေတဲ့ စခန်းတွေဟာ ဘင်္ဂလာဒေခ်ျ့နိုင်ငံက နိုင်ငံခြား ခရီးသွား လုပ်ငန်းတွေ တိုးမြှင့် လုပ်ကိုင်မယ့် နေရာတွေ ဖြစ်တဲ့ အတွက် သူတို့ကို တခြားနေရာကို ရွှေ့မယ်လို့ ဆိုပါတယ်။

အခုနေရာဟာ နေထိုင်ဖို့ မထိုက်တန်တဲ့ နေရာ ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောဆိုပြီး ပိုပြီးကျယ်ဝန်းတဲ့ နေရာသစ် တစ်ခုဆီကို ရွှေ့မယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။

ခုလို ရွှေ့ပြောင်းဖို့ ဖြစ်လာတာဟာ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနဲ့ ဘင်္ဂလာဒေခ်ျ့ သဘာဝဘေးအန္တရာယ်နဲ့ ကယ်ဆယ်ရေး ၀န်ကြီးဌာနမှ အရာရှိတွေ တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခု အဲဒီ ဒုက္ခသည်စခန်း (၂) ခုမှာ လူပေါင်း ၃၄၀၀၀ ခန့်ရှိနေတယ်လို့ ဆိုပါတယ်။

No comments: