Monday, November 3, 2014

စပါးတင်းတစ်ရာလျှင် ကျပ်သုံးသိန်းခွဲအောက် ဈေးနှုန်းဖြင့် မရောင်းရန် သတိပေး

သီဟကိုကို

ဧည့်မထစပါးတင်း ၁၀၀ (၁တင်း = ၄၆ ပေါင်) ကို ကျပ် ၃၅၀,၀၀၀ ဈေးနှုန်းဖြင့် ၀ယ်ယူပေးမည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းမှ နိုဝင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

တောင်သူလယ်သမားများအနေဖြင့် စိုထိုင်းဆ ၁၈ ရာခိုင်နှုန်းရှိသော စပါးတင်း ၁၀၀ လျှင် ကျပ် ၃၅၀,၀၀၀ ဈေးအောက်သို့ ရောင်းချခြင်းမပြုရန် သတိပေး ထားပြီး၎င်းဈေးနှုန်းမရရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း တို့ထံ ဆက်သွယ် ရောင်းချရန် အသိပေးထုတ်ပြန်ထားသည်။

ယခုနှစ်တွင် မိုးစပါးဈေးကျဆင်းမည့်အခြေအနေကို ကြိုတင်ကာကွယ်နိုင်ရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အ ရန်ဆန်ထား ရှိရေး ကြီးကြပ်မှုကော်မတီမှလည်း နိုင်ငံတော်အရန် ဆန် ၀ယ်ယူပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်းတို့မှ နယ်ကိုယ်စား လှယ်များထားရှိကာ စပါးဝယ်ယူပေး မည်ဖြစ်ပြီး မြန် မာ့ရှေ့ဆောင်ဘဏ်မှလည်း သီးနှံအာမခံစနစ်ဖြင့်တောင်သူ များ၊ စက်ပိုင်များ၊ ဆန်ကုန်သည်များကို ငွေထုတ်ချေးပေးမည်ဖြစ်သည်။

မိုးစပါးဧက ၁၆ သန်းမှ စပါးများရိတ်သိမ်းမည်ဖြစ်ရာ မိုးစပါးဈေးကျဆင်းမည်ကို တောင်သူများမှ စိုးရိမ်နေပြီး စပါးဈေးမှာ ထုတ်လုပ်မှုကုန်ကျစ ရိတ်အောက် သို့ ရောက်ရှိသွားပါက တောင်သူများ၏ လူမှုစီးပွားရေးကို များစွာထိခိုက်နိုင်သည့်အတွက် စပါးဈေးမကျဆင်းစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ် သည်ဟု မြန် မာနိုင်ငံတောင် သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

သို့ဖြစ်ရာ တောင်သူများအနေဖြင့် မိုးစပါးများကို အချိန်မီ စနစ်တကျရိတ်သိမ်းပြီး အမိုးအကာအောက် သို့လုံခြုံရောက်ရှိအောင် ဆောင်ရွက်ထားရန် မြန်မာနိုင် ငံတောင်သူလယ်သမားအသင်းမှ အကြုံပြုထားသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်တွင် ဧည့်မထစပါးဈေး တင်း ၁၀၀ပေါက်ဈေးမှာ အနည်းဆုံးကျပ်လေး သိန်းရှိသော်လည်း လက်ရှိအချိန်တွင် စပါးဈေးမှာ ကျပ် ၃၅၀,၀၀၀ ၀န်းကျင်ဈေးရှိနေပြီး အချို့ဒေသများတွင် စပါးဈေးမှာ ကျပ် ၃၅၀,၀၀၀ အောက်သို့ စတင်ကျဆင်းလျက်ရှိနေသည်ဟု ဆန်စပါးလုပ်ငန်း အသိုင်းအ ၀ိုင်းက ဆိုသည်။

ယခုနှစ်ကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတို့တွင် ဧည့်မထဆန်တန်ချိန် နှစ်သိန်းကိုတရုတ်နိုင်ငံသို့တရားဝင်စတင်တင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ တောင်သူများ အနေဖြင့် ရိတ်သိမ်းပြီးစပါးများကို အလျင်စလို ဈေးနှိမ်ခံရောင်းရန်မလိုအပ်ဘဲ ဈေးကောင်းရနိုင်ချေရှိသည့်အထိ စနစ်တကျ ပြင်ဆင်ပြီးမှ ရောင်းချသင့် သည် ဟု ဆန်စပါးလုပ်ငန်းရှင်များက အကြုံပြုထားသည်။

No comments: