Saturday, November 8, 2014

လမ်းဘေးဈေး သည်များထိန်း သိမ်းရန် စည်ပင်ဝန်ထမ်း အင်အားမလုံလောက်

ဇေယျာချမ်းအေး

ရန်ကုန်မြို့တွင် လမ်းဘေးဈေးသည်များကိုထိန်းသိမ်းရန် စည်ပင်ဝန် ထမ်းအင်အား လုံလောက်မှုမရှိ ကြောင်း ရန်ကုန် မြို့တော် စည် ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာန၊ တွဲဖက်အတွင်းရေးမှူး ဦးညီညီဝင်းက မဇ္ဈိမကိုပြောသည်။

လမ်းဘေးဈေးသည်များကြောင့်ယာဉ်ကြောပိတ်ဆို့မှုများပိုမိုဆိုးရွားသည့်အခြေအနေနှင့်ပတ်သက်၍ မေး မြန်းချက်ကို ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးဝန်ထမ်း အင်အားသာမက၊ ဘဏ္ဍာငွေ သုံးစွဲခွင့် နည်းပါးနေသည်ဟု ၎င်း က ဆိုသည်။

“၀န်ထမ်းအင်အား မလုံလောက်ပါဘူး။ ကျွန်တော်တို့ရှိတဲ့ ဘဏ္ဍာငွေနဲ့ ၀န်ထမ်းအင်အားနဲ့ အကောင်းဆုံး ဖြစ်အောင်လုပ် နေတာဖြစ်ပါတယ်။ လမ်းခင်းတဲ့သူ၊ တံမြက်စည်းလှည်းတဲ့သူတွေကို ဆွဲပြီး ခိုင်းလိုက်ရင် အမှိုက်တွေ ပွကုန်မှာပေါ့” ဟု ဦးညီညီဝင်းက ရှင်းလင်းသည်။

လမ်းဘေးဈေးသည်များ စည်းကမ်းထိန်းသိမ်းရေးအတွက် အဓိကတာဝန်ရှိသည်မှာ လူမှုစည်းကမ်းဌာနနှင့် စီမံဌာနတို့သာ ဖြစ်သော်လည်း စည်ပင်၏ ဌာန ၂၀ လုံးရှိ ၀န်ထမ်းများအားလုံး အဖွဲ့ခွဲကာ ဖြေရှင်းမှုများပြု လုပ်နေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ အဓိကလမ်းမကြီးများပေါ်တွင် လမ်းဘေး ဈေးသည်များကို ညနေ ၃နာ ရီမှ ည ၈ နာရီ အထိတရားဝင်ဈေးရောင်း ချခွင့်ပြု ထားပြီး သတ်မှတ်ချိန်ထက်ကျော်လွန်ပါက စည်ပင်၏ စည်ကမ်းထိန်းသိမ်းရေးအဖွဲ့က ကားဖြင့်လှည့်လည်ဖမ်းဆီးလျက်ရှိသည်။

အစိုးရသစ်လက်ထက်တွင် လမ်းဘေးဈေးသည်များကို ကြပ်မတ်လိုက်ခြင်းကြောင့် ၎င်းတို့ထံမှ ရရှိငွေ ကျပ်သိန်းပေါင်း ၁၂,၀၀၀ ခန့် နှစ်စဉ်လျော့ကျလျက် ရှိပြီး ပြုပြင်ရေးနှင့် တိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် နှစ်စဉ်ငွေကျပ်ဘီလီယံ ၁၀၀ ခန့်လိုအပ်သော်လည်း အစိုးရထံမှ ဘတ်ဂျက်ရငွေမှာငွေကျပ် ၅၅ ဘီလီယံသာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ဘဏ္ဍာရေးအစီရင်ခံစာ များအရသိရသည်။

အောက်တိုဘာလအတွင်းမှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီကလမ်းဘေးဈေးသည်များကို ရောင်းချခွင့်မပြုတော့ဟုဆိုထားသော်လည်းနေ ရာချထားပေးနိုင်ခြင်းမရှိသေးပေ။

No comments: