Saturday, November 15, 2014

တန်ဖိုးလျော့နှုန်း အနည်းဆုံး ကားများ၌ လူကြိုက်များ သောကားအချို့ ပါဝင်

သီဟကိုကို

မောင်းနှင်အသုံးပြုပြီး မော်တော်ယာဉ်များအနက် တန်ဖိုးလျော့ကျမှုနှုန်း အနည်းဆုံးကားအမျိုးအစားများ၌ လူကြိုက်များသောကား အချို့ ပါဝင်သည်ဟု မော်တော်ယာဉ်အွန်လိုင်းရောင်းဝယ်ရေးဝက်ဘ်ဆိုက် ဖြစ် သည့် Motors.com.mm ၏ ဈေးကွက်ဆိုင်ရာသုံးသပ်ချက် တွင် ဖော်ပြထား သည်။

၎င်းမော်တော်ယာဉ်ရောင်းဝယ်ရေး ၀က်ဘ်ဆိုက်မှ မြန်မာနိုင်ငံအပါအ၀င် အာရှဒေသတစ်ခုလုံး စံနှုန်းဖြင့် ပြန်လည်ရောင်းချရာ၌ ယာဉ်တန်ဖိုးလျော့ကျမှုနှုန်း အနည်းဆုံးဖြစ်သည့် ကားအမျိုးအစား ၁၀ မျိုးကို သုံးသပ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အချိန်သုံးနှစ်ခန့် မောင်းနှင်ပြီးနောက် ပြန်လည်ရောင်းချရာတွင်မူရင်းဈေး ၆၇ရာခိုင်နှုန်းအထိ ပြန်လည်ရရှိသည့် Jeep Wranglerကားအမျိုးအစားသည် ဈေး အမာဆုံးကားအမျိုးအစားအဖြစ် ထိပ်ဆုံးမှ ရပ်တည် နေပြီး ၎င်းနောက်တွင် မူရင်းဈေး ၆၃ ရာခိုင်နှုန်း ပြန်လည်ရရှိသည့် Honda Fit ကားမှာ ဒုတိယနေရာ တွင် ရှိနေသည်။

အသုံးပြုမောင်းနှင်ပြီး ပြန်လည်ရောင်းချချိန်တွင် မူရင်းဈေး၏ ၅၀ ရာခိုင်နှုန်းရရှိသော ကားအမျိုးအစားများ တွင် Fiat Abarth 500၊ Volkswagen Scirocco၊ Audi A3၊ Honda CR-V၊ Subaru Outback များကို Motors.com.mm က ရွေးချယ်ထားသည်။

မူရင်းဈေး၏ ၄၀ ရာခိုင်နှုန်းအထက် ရရှိသောကားများတွင် Toyota Prius၊ Honda Odyssey၊ Toyota Avalon မော်တော်ကားအမျိုးအစား များကို ရွေးချယ် ထားသည်။

အထက်ပါကားအမျိုးအစား ၁၀ မျိုး သည် အင်ဂျင်ပါဝါ၊ အကြမ်းခံနိုင်မှု၊ ဆီစားသက်သာမှု စသည့်အချက် များအပေါ် မူတည်ကာ ပြန်လည်ရောင်းချချိန်၌ မူရင်းဈေးထက်ဝက်ခန့်ကို ပြန်လည်ရရှိနေခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

Motors.com.mm မှ မော်တော်ကား အသစ်များသည် ၀ယ်ယူပြီး အချိန်အနည်းငယ်တွင်ပင် ၂၀ ရာခိုင် နှုန်းခန့် တန်ဖိုးကျလေ့ရှိသည့်အတွက်ပြန် လည်ရောင်း ချရာ၌ တန်ဖိုးလျော့ကျမှု အနည်းဆုံးဖြစ်သည့် ကား များကို ရွေးချယ်ပေးခြင်းဖြစ်သည်။

အဆိုပါအွန်လိုင်းအခြေပြု မော်တော်ယာဉ်ရောင်းဝယ်ရေးဝက်ဘ်ဆိုက်ဖြစ်သည့် Motors.com.mm သည် နိုင်ငံတကာအခြေစိုက် ရောင်းဝယ်ရေးလုပ် ငန်းတစ် ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ မော်တော်ယာဉ်အရောင်းပြခန်း ၂၀၀ ကျော်၊ အခြားမော်တော်ယာဉ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်လုပ်ကိုင်နေသည်။

No comments: