မောင်မန်း
နော်ဝေအခြေစိုက် မိုဘိုင်းအော်ပရေတာ တယ်လီနော၏ ဆင်းမ်ကတ်များကို ရန်ကုန်တွင် အောက်တိုဘာလကုန်ပိုင်းက စတင်ချထားပေး ခဲ့ပြီး ထပ်မံ ချထားပေးခြင်း မရှိသောကြောင့် ဈေးကွက်အတွင်း ဆင်းမ်ကတ်များ ပြတ်နေသည်ဟု အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
တယ်လီနော၏ ကိုယ်စားလှယ်များကို ကတ်ချထားပေးမှု ရပ်ဆိုင်းထားပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်နေသည်ဟု ကိုယ်စားလှယ်ယူထားသူ အလုံမြို့နယ် မှ ကိုအေးချမ်း က ဆိုသည်။
၎င်းက "ကိုယ်စားလှယ်တွေကို ကတ်ချပေးတာ ရပ်ထားတယ်။ ပြန်ချပေးမယ့်အချိန် အကြောင်းကြားပေးမယ်လို့ ပြောတယ်" ဟု ဆိုသည်။
အောက်တိုဘာ ၂၆ ရက်၌ ရန်ကုန်တွင် စတင်ချထားပေးခဲ့ပြီး လက်ရှိအချိန်တွင် ဈေးကွက်တွင်း အခြားဆိုင်များ၌ပစ္စည်းပြတ်နေသော်လည်းတယ်လီနောကိုယ် စားလှယ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သည်ဟု တယ်လီနော သုံးစွဲသူ ဝန်ဆောင်မှုစင်တာမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
၎င်းက "ဒဂုံစင်တာ (၂) ၊ လှည်းတန်းစိန်ဂေဟာ၊ ပါရမီစိန်ဂေဟာတို့လို နေရာတွေမှာရှိတဲ့ တယ်လီနောအရောင်းဆိုင်တွေမှာ ရနိုင်ပါတယ်" ဟု ဆိုသည်။
လမ်းမတော်ရှိ တယ်လီနော အရောင်းဆိုင်တွင် တန်းစီဝယ်ယူ၍ ရနိုင်ပြီး တစ်ဦးလျှင် တစ်ကတ်နှုန်းဖြင့် ရောင်းချပေးနေသည်ဟုလည်းယင်းဆိုင်မှဆင်းမ်ကတ် ၀ယ်ယူခဲ့သူတစ်ဦးကလည်း ဆိုသည်။
ရန်ကုန်တွင် တယ်လီနော၏ အရောင်းကိုယ်စားလှယ်ဆိုင် ၂၀ ကျော်ရှိပြီး ဆိုင်ပေါင်း ၆၀၀၀ ကျော်ကတဆင့် ရောင်းချပေးနေခြင်းဖြစ်သည်။
No comments:
Post a Comment