တင်ဇာအောင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် သွားရောက်မည့် တရုတ်ပြည် ခရီးစဉ်မှာ ယခုနှစ်အတွင်း သေချာဦးမည်မဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပြီး အတည်ပြုလိုက်ပါက တရားဝင် ဖိတ်ကြားစာ ပေးပို့သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ် ကြီး H.E Mr.Yang Houlan က နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ တရုတ်သံအမတ်ကြီး နေအိမ်တွင် ကျင်းပသည့် စာနယ်ဇင်းသမား များနှင့် တွေ့ဆုံ စဉ် ပြော ကြားလိုက်သည်။
တရုတ်သံအမတ်ကြီး H.E Mr.Yang Houlan က"နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အချိန် မှာဒေါ်အောင် ဆန်းစုကြည် တရုတ်နိုင်ငံ သွားရောက် ဖို့ ဖိတ်ကြား မှာဖြစ်ပါ တယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေရင် ဒီခရီးစဉ် အောင်မြင်ပါမယ်" ဟု ပြောသည်။
တရုတ်နိုင်ငံ အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို တရားဝင် ဖိတ်ကြား ပြီးပါက တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ ဆုံနိုင်ရန် စီစဉ်ပေးသွား မည်ဟုလည်း ၎င်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်နန်းခင်ထွေးမြင့်က မူဒေါ်ေ အာင် ဆန်းစုကြည်ဒီဇင်ဘာလအတွင်းတရုတ်နိုင်ငံသို့သွားရောက် မည်ဖြစ်ပြီးရက်အတိအကျမသိ ရသေးဟု အောက်တိုဘာ ၃၀ရက်က မဇ္ဈိမကို အတည်ပြု ပြောထားသည်။
သို့သော်လည်း တရုတ်သံအမတ်ကြီးက အချိန်ကို အတည်အကျမပြောနိုင်သေးဘဲညှိနှိုင်းနေသည့် အဆင့်တွင်သာ ရှိသေးသည်ဟု ဆိုသည်။
ယင်းအပြင် တရုတ်သံအမတ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ အသီး သီး၊ နိုင်ငံရေးအင်အားစု အသီး သီးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟုလည်း ဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဆိုပါက ယခုအကြိမ်သည် ၎င်း၏ ပထမ ဆုံး အကြိမ် တရုတ်နိုင်ငံသို့ သွားမည့်ခရီးစဉ်လည်း ဖြစ်သည်။
တရုတ်အစိုးရအနေဖြင့် မြန်မာ့အတိုက်အခံ ခေါင်းဆောင်များနှင့် ကင်းကင်း ရှင်းရှင်းနေသော အ စဉ်အလာ ရှိခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်သည်ထူးခြားသည့်ခရီး စဉ်တစ်ခုဟု နိုင်ငံရေး လေ့ လာသုံးသပ်သူ ဦးကျော်လင်းဦးကလည်း မဇ္ဈိမကို သုံးသပ် ပြောကြား ထားသည်။
No comments:
Post a Comment