Mizzima
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ကန့်ကွက်နေသည့် ကျောင်းသားများသည် ပြည်သူ့ရင်ပြင်နှင့် မျက်နှာချင်းဆိုင်ရှိ ရန်ကုန်တိုင်း လွှတ်တော်ရုံးရှေ့တွင် ကြွေးကြော်သံများ ဆန္ဒပြနေသည်ဟု မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။
ဆန္ဒပြ ကျောင်းသားခေါင်းဆောင် တစ်ဦးက “ကျွန်တော်တို့ ကျောင်းသာတွေကို စာသင်ခန်းထဲမှာ အကျဉ်းချထားမယ့်အစား ထောင်ထဲမှာပဲ သွားနေပါမယ်။ အမိန့်မနာခံချင်ပါဘူး။ အမိန့်နာခံမယ်ဆိုရင် စစ်တက္ကသိုလ်ပဲ သွားတက်မှာပေါ့” လွှတ်တော်ရုံးရှေ့တွင် ကားပေါ် တက်ပြီး ဟစ်ကြွေးခဲ့သည်။
ဆန္ဒပြ ကျောင်းသားများသည် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး သမ္မတ လက်မှတ်ရေးထိုးထားသည့် အမျိုးသားပညာရေး ဥပဒေ ပါအချက်များအား သပိတ်မှောက် ကန့်ကွက်နေခြင်း ဖြစ်သည်။
ယနေ့သည် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည်ကျော် ၁၀ ရက်နေ့၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၂၀ ပြည့်နှစ် ဗြိတိသျှနယ်ချဲ့ လက်အောက်ရှိ မြန်မာတိုင်းရင်းသား ပြည်သူလူထုများအား အထက်တန်းပညာ တက္ကသိုလ်အထိ သင်ကြားခွင့် မရစေသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ်ကျောင်းသားကြီးများက ဦးဆောင်ကာ ပထမဦးဆုံး ကျောင်းသားသပိတ် စတင်ခဲ့သည့် “အမျိုးသားနေ့” ဖြစ်သည်။
No comments:
Post a Comment