Mizzima
ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး Roland Kobia သည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ဒေသခံရဲများနှင့် အတူ စက်ဘီးဖြင့် ကင်းလှည့်ခဲ့သည်ဟု ရန်ကုန်ရှိ ဥရောပ သမဂ္ဂ သံရုံးက နိုဝင်ဘာ ၁၄ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ဥရောပ သမဂ္ဂ သံအမတ်ကြီးက လူထုနှင့် တွေ့ဆုံကာ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး၏ အသုံးဝင်မှု အကြောင်းကို လူထုနှင့် ပြောဆို ဆွေးနွေးရန် ဖြစ် သည်။ မြန်မာ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်း လဲရေးကို ဥရောပသမဂ္ဂ စီမံကိန်းတစ်ရပ် အနေဖြင့် ဖော်ဆောင်လျက် ရှိသည်။
EU စီမံကိန်း က ရဲတပ်ဖွဲ့အား ပေးအပ်ထားသော စက်ဘီးများထဲမှ တစ်စီးကို စီး၍ သံအမတ်ကြီးက မင်္ဂလာတောင်ညွှန့်ရှိ ရပ်ကွက် သုံးခုသို့ သွားရောက် ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အာဏာပိုင်များ၊ ဒေသခံ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့ကာ ၎င်းတို့၏ အခြေခံ လှုပ်ရှားဆောင်ရွက်မှုများ အကြောင်းကို လေ့လာခဲ့သည်။
No comments:
Post a Comment