Saturday, February 28, 2015

ဓာတ်ကြိုးပေါက် တက်ဖာသူ ဓာတ်လိုက်သေဆုံး

ကျော်စိုးမိုး

သန်လျင်မြို့နယ်တွင် ဓာတ်ကြိုးများပေါက်နေ၍ တက်ဖာသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီ ၁ဝ ရက်၊ ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ်၊ ငပကျေးရွာ၊ အမှတ် (၁ဝ) သစ်စက်ဝင်းအတွင်း နေထိုင်သည့် အသက် ၂ဝ အရွယ် ကိုဝေလင်းအောင်သည် ဝင်းအတွင်း အမြင့် ၁၅ ပေခန့်တွင် သွယ်တန်းထားသည့် ဓာတ်ကြိုးများ ပေါက်နေသဖြင့် အခြားအမျိုးသားတစ်ဦးနှင့်အတူ ဓာတ်ကြိုးများကို တက်ဖာနေခဲ့သည်။ ထိုသို့ဖာနေစဉ် ပေါက်နေသည့် ဓာတ်ကြိုးကိုကိုင်မိပြီး မြေပြင်ပေါ်သို့ မှောက်လျက်ပြုတ်ကျကာ ဝဲလက်မတွင် ပေါက်ပြဲဒဏ်ရာမှအပ အခြားပြင်ပ ဒဏ်ရာမရှိဘဲ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

No comments: