Thursday, February 26, 2015

ညပိုင်းတွင် အရှိန်ပြင်းစွာ မောင်းနှင်သည့် ပြိုင်ကားများကို နေရာမှတ်သားတိုင်ကြားနိုင်

ဖြိုး

ညပိုင်း စည်းကမ်းမဲ့ အရှိန်ပြင်းမောင်းနှင်သည့် ပြိုင်ကားများကို နေရာမှတ်သားကာ ယာဉ်ထိန်းဟော့လိုင်း ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်ကြောင်း အမှတ်(၃) ယာဉ် ထိန်းရဲတပ်ဖွဲ့ခွဲမှ ဒု-ရဲမှူးကြီးအောင်ကိုဦးက ပြောသည်။

''ပြိုင်ကားကိစ္စကို အတိအကျသတင်းပေးနိုင်ရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သွားရောက်ဖမ်းဆီး အရေးယူနိုင်ပါတယ်'' ဟု ၎င်းက ပြောသည်။

ထိုသို့မောင်းနှင်သည့် ပြိုင်ကားများကို နံပါတ်ဖြစ်စေ၊ နေရပ်လိပ်စာ သိရှိပါက မှတ်သား သတင်းပေးနိုင်မည် ဖြစ်သည်။

''ညပိုင်း ဘယ်အချိန်၊ ဘယ်နေရာမှာ အရှိန်ပြင်း မောင်းနှင်နေတယ်၊ ကားနံပါတ် ဘယ်လောက်ဆိုရင် တာဝန်ကျ ယာဉ်ထိန်းတွေက သက်ဆိုင်ရာ နယ်မြေရဲတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တွင် ညပိုင်း၌ ကျုံးပတ်လည်လမ်းများ၊ မြို့ပြင်လမ်းမကြီးများတွင် ပြိုင်ကားမောင်းနှင်သူ လူငယ် အများစုသည် အရှိန်ပြင်းမောင်းနှင်ခြင်း၊ သရုပ်ပြမောင်း နှင်ခြင်းများကို တစ်ဦးသို့မဟုတ် အစုအဖွဲ့ ဖြင့် ပြု လုပ်ကြနေကြောင်း မန္တလေးမြို့သစ် ၆၂ လမ်းအနီး နေထိုင်သူ မမေစပယ်က ပြောသည်။

မန္တလေးတိုင်းအတွင်း စည်းကမ်းမဲ့ယာဉ် မောင်းနှင်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွား ခြင်း၊ ယာဉ်ထိန်းရဲများ အဂတိလိုက်စားပါက မန္တလေးတိုင်း အမှတ်(၁၁) ယာဉ်ထိန်း ဒု-ရဲ တပ်ဖွဲ့ခွဲမှူးရုံး တာဝန်မှူးဖုန်း ဝ၂- ၆၇၄၂၈ ၊ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ် တပ်ဖွဲ့စုမှူး ဖုန်း - ဝ၉၂၅ ၃၄၁ ၄၄၃၇၊ မဟာအောင်မြေနှင့် ချမ်းမြေသာစည်မြို့နယ် ဝ၉ ၉၇ ၈၅၅ ၉၃၁၈၊ ပုသိမ်ကြီး၊ အမရပူရ နှင့် ပြည်ကြီးပျော်ဘွယ်မြို့နယ် ဝ၉ ၇၉ ၇၃၈ ၈၈၇၄ တို့ကို ဆက်သွယ် သတင်းပေးနိုင်မည် ဖြစ်သည်။

No comments: