မြင့်မြင့်စိုး
ဇာတ်ကား ရိုက်ကူးမှု များပြားစွာ မရိုက်တော့သည့် အကယ်ဒမီ များရှင် မို့မို့မြင့်အောင်က ပရိသတ်များ အတွက် အမှန်တကယ် အနှစ် သာရ ရှိသည့် ဇာတ်လမ်းကောင်း များကို သာရွေးချယ် ရိုက်ကူး မည်ဖြစ်ပြီး ယင်းကဲ့သို့ ရိုက်ကူးခြင်းသည် အနုပညာများ ကိုပေးဆပ် လိုခြင်းကြောင့်ရွေးချယ် ရိုက်ကူး ရခြင်းဖြစ်သည် ဟုပွင့်လင်း စွာပြော ဆိုလာသည်။
''ကိုယ်က အခုချိန်မှာ ကိုယ့်ခေါင်းစဉ်နဲ့ ကိုယ်သွားနိုင်တဲ့သူ တစ်ဦးဖြစ်နေပြီလေ။ အခုဈေးကွက်က ကစဥ့်က လျားဖြစ် လို့သာ ကိုယ့်မှာ ကားရိုက်တွေ ကျဲချင် ကျဲသွားမယ်။ ပြီးစလွယ်တော့ မရိုက်ချင်တော့ဘူး။ ကိုယ်တစ်ယောက်တည်း ပြီးနိုင်မယ့် ဇာတ်လမ်း မျိုးတွေ မဟုတ်တောင် အတော်လေး သရုပ်ဆောင် လို့ရ မယ့်ဇာတ် လမ်းတွေပဲရိုက် ချင်တော့ တယ်။ တချို့ သူနေ ရာနဲ့သူ လုပ်နိုင် သူတွေလည်း လုပ်စေ ချင်တယ်။ သူတို့ ကိုလည်း လုပ်ခွင့်ပေး ရမှာပေါ့၊ ကိုယ် က အဲဒီနေရာတွေပါ အတင်းလိုက်ရိုက်နေ ရင်ငွေရေးကြေးရေး အတွက် ရိုက်တဲ့သူဖြစ် သွားမှာပေါ့'' ဟုမို့မို့မြင့်အောင် ကပြောသည်။
၎င်း၏အနု ပညာကို ရုပ်ရှင် အနုပညာလော ကတွင်မှော် ကဝေမ တစ်ဦးဟု ပင်၎င်း ၏ဆရာ ဒါရိုက်တာဦး တင်ဦးက တင်စားခေါ်ဝေါ် ခဲ့သည့် အပြင် အနုပ ညာမောင်နှမ များကလည်း ယင်းကဲ့ သို့ခေဆိုနေ ဆဲဖြစ်သည်။
ဇာတ်ကားတစ်ခု၏ အမျိုးသမီး ဇာတ်ကောင်၏ သရုပ်ဆောင်မှုတွင် မို့မို့မြင့်အောင် ပါဝင်သရုပ်ဆောင် မှသာ ယင်း ဇာတ်ကောင် စရိုက် ပီပြင်နိုင် သည်ဟုကမ်း လှမ်းမှုမျိုးများ ရှိလာမှသာလျှင် ရိုက်ကူး သွားမည်ဟု ၄င်းကဆိုသည်။
ယင်းအပြင်ဇန်နဝါရီလအတွင်းက ရိုက်ကူးခဲ့သည့် 'နဂါးငွေ့တန်း'ဇာတ်ကားရိုက်ကူးမှု တွင်ပြေတီဦးက မို့မို့မြင့်အောင် သရုပ်ဆောင်မှသာလျှင် ယင်းဇာတ်ကား ကိုရိုက်ကူးနိုင် မည်ဆိုသည့် သတင်းသည် အွန်လိုင်းစာမျက်နှာ များထက်၌ နာမည်ကြီးခဲ့သည်။
မို့မို့မြင့်အောင်သည် အနုပညာလောကတွင် မှတ်တိုင် များစွာ စိုက်ထူနိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ယင်းမှတ်တိုင် များကို သာမန်မှတ် တိုင်များ အဖြစ် အထင်မခံ လိုခြင်းကြောင့် အမှန်တကယ် အနှစ်သာရ ရှိသည့် အနုပညာမျိုးနှင့် ပရိသတ် ကိုပေးဆပ် သွားမည်ဟု ဆိုသည်။
No comments:
Post a Comment