Thursday, March 5, 2015

ဘူးသီးတောင် စခန်းမှုး ရဲတပ်သားက သေနတ်ဖြင့် ပစ်၍ သေဆုံး

ကေဇူး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စခန်းမှူး ၊ ဒုရဲမှုး တင်လှကို ရဲတပ်သား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက မဇ္ဈိမအတည်ပြု ပြောကြားသည်။

မတ်လ ၃ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် စခန်းမှူး ဒုရဲမှုး တင်လှ လက်ဖက်ရည်သောက်နေစဉ် ရဲတပ်သားက လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းက "လက်ဖက်ဆိုင်ထိုင်နေတဲ့ အချိန်မှာ ဆိုက်ကယ်နဲ့ လာပြီးပစ်သွားတာ၊ ဘာရန်ညိုးရန်စရှိသလဲဆိုတာ စစ်နေတုန်းပဲ" ဟု ပြောသည်။

လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ရဲတပ်သား ကျော်ထွန်းနိုင်ကို ဘူးသီးတောင်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်းက အကျဉ်းသား နှစ်ဦး ထွက်ပြေးခဲ့သေးသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ လအတွင်းက မောင်တောမြို့နယ် ဒုချရားတန်းကျေးရွာတွင် ရဲတပ်ကြပ်တစ်ဦး ပျောက်ဆုံးမှု ဖြစ်ခဲ့သေးသည်။

No comments: