Monday, March 30, 2015

ကျောင်းသားနှင့်ပြည်သူများကို ချက်ချင်းလွှတ်ပေးရန် မုံရွာမြို့တွင် ဆန္ဒပြ

DVB

လက်ပံတန်းမှာ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အပေါ် ရှုတ်ချကန့်ကွက်တဲ့အနေနဲ့ မုံရွာမြို့မှာ ဒေသခံတွေ ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မုံရွာ ပြည်သူ့အားကစားကွင်းမှာ မနက် ၉ နာရီ လောက်က စုစည်းခဲ့ကြပြီး ကျောင်းသားတွေအပေါ် အကြမ်းဖက်မူ အလိုမရှိ၊ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ချက်ချင်းပေး၊ ဖမ်းဆီးထားတဲ့ ကျောင်းသား ပြည်သူတွေ ချက်ချင်းလွှတ်၊ ကျောင်းသားပြည်သူတွေကို ဥပဒေမဲ့အကြမ်းဖက်မှု ချက်ချင်းရပ်၊ တရားဥပဒေစိုးမိုးရေး တို့အရေး စတဲ့ ဆောင်ပုဒ်တွေ ကြွေးကြော်ပြီး လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

မတ်လ ၂၇ ရက်ကလည်း ရန်ကုန်၊ မန္တလေးနဲ့ မြင်းခြံအပါအ၀င် မြို့ပေါင်း ၁၀ ကျော်မှာ လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခဲ့တာကို ကျောင်းသားနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆနပြပွဲမှုအတွင်း မြင်းခြံမှာ ၅ ဦးနဲ့ ၇န်ကုန်မှာ ၃ ဦး စုစုပေါင်း ကျောင်းသားပြည်သူ ၈ ဦးကို အာဏာပိုင်တွေက ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခဲ့ပြီး ကျောင်းသားတချို့ကို အာမခံနဲ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို လှည်းတန်းမှတ်တိုင်အနီးမှာ ဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ဖို့ အတွက် ပါဖောင်မန့်နဲ့ အတူ ကဗျာတွေရွတ်ပြီး တောင်းဆိုခဲ့တဲ့ ကဗျာ ဆရာတဦး ဖမ်းဆီးခံခဲ့ရပါတယ်။

No comments: