Tuesday, March 31, 2015

တစ်နိုင်ငံလုံး အပစ်ရပ်ရေး မူကြမ်း ပြန်လည်ဆွေးနွေး

ABC

တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​အတွက် ​မူကြမ်းတွေကို ​ဒီကနေ့ ​ပြန်လည် ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲရေး ​မူကြမ်းမှာ ​ကျန်ရှိနေသေးတဲ့ ​အချက်တွေကို ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​နှစ်ပါတ် ​တုန်းကပဲ ​ခြောက်ရက်ကြာ ​ဆွေးနွေးကြပြီးနောက် ​ကျန်တဲ့အချက်တွေက ​ထိပ်ပိုင်းနဲ့ ​ဆွေးနွေးရဦးမှာ ​ဖြစ်တဲ့အတွက် ​ဆွေးနွေးမှုကိုတပါတ်ကြာ ​ရပ်နားထားတာ ​ဖြစ်ပါတယ်။

အပစ်အခတ် ​ရပ်စဲရေးအတွက် ​ဆွေးနွေးနေကြပေမယ့်လည်း ​တဖက်မှာတော့ ​စစ်အင်အား ​တိုးချဲ့မှုတွေ၊ ​တိုက်ပွဲတွေ ​ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ဆွေးနွေးမှုတွေ ​ပြုလုပ်နေကြချိန်မှာ ​တိုက်ပွဲတွေ ​ဆက်ဖြစ်နေတာက ​ဒီဆွေးနွေးမှုတွေကို ​အလဟသ ​ဖြစ်စေသလို ​မြန်မာငြိမ်းချမ်းရေးမှာ ​နှောင့်နှေးမှုတွေ ​ဖြစ်နေတဲ့အတွက် ​ကိုးကန့်ဒေသ ​စစ်ကို ​ချက်ချင်းရပ်ပစ်ဖို့ ​ညီညွတ်သော ​တိုင်းရင်းသားလူမျိုးများ ​ကောင်စီ ​UNFC ​က ​တောင်းဆိုထားပါတယ်။

အခုဆိုရင် ​မြေပြင် ​စစ်သာမက ​ဝေဟင်ကနေပါ ​တိုက်ခိုက်မှုတွေ ​ရှိနေတဲ့အတွက် ​စိုးရိမ်မကင်း ​ဖြစ်ရတယ်လို့လည်း ​ပါဝင်ပါတယ်။

ဒါ့အပြင် ​တိုက်ခိုက်မှုတွေ ​ဖြစ်လေ့မရှိတဲ့ ​ရခိုင်ပြည်နယ်မှာလည်း ​ရခိုင်တပ်တွေနဲ့ ​မြန်မာ ​စစ်တပ်အကြား ​တိုက်ပွဲတွေ ​ဖြစ်ပွားခဲ့ပါတယ်။

No comments: