Monday, March 30, 2015

အာရှ ယူ ၂၃ ခြေစစ်ပွဲ မြန်မာက ဟောင်ကောင်ကို နိုင်

DVB

တိုင်ပေမှာ ကျင်းပနေတဲ့ အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(စ) ဒုတိယ ပွဲစဉ်မှာ မြန်မာက ဟောင်ကောင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

ဟောင်ကောင်အသင်းက ပွဲချိန် ၃၂ မိနစ်မှာ အဖွင့်ဂိုးသွင်းယူပြီး ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ ကွင်းလယ်လူ လှိုင်းဘိုဘို တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရတဲ့ အတွက် မြန်မာအသင်းက တယောက်လျော့နဲ့ မိနစ် ၆၀ ကျော်ယှဉ်ပြိုင်ကစားခဲ့ရပြီး အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာ ဇွန်မိုးအောင်က ချေပဂိုး သွင်းယူနိုင်ခဲ့သလို ၆၂ မိနစ်မှာ ဇွန်မိုးအောင်ကပဲ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မြန်မာအသင်းဟာ တိုင်ပေနဲ့ဟောင်ကောင်အသင်းကို အနိုင်ရရှိထားသလို ပထမနေရာ အဆုံး အဖြတ် ပွဲစဉ်အဖြစ် မတ် ၃၁ ရက်မှာ သြစတြေးလျ အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အုပ်စုပထမရရှိတဲ့အသင်းကတော့ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

No comments: