Tuesday, March 31, 2015

လှိုင်းဘွဲ့မြို့နယ် က အိမ်ထောင်စု ၂၀၀၀ အတွက် စုငွေနှင့် ချေးငွေ သမ နှစ်ခု အီးယူထောက်ပံ့ငွေဖြင့် ထူထောင်ပေးမည်

နန်းမြင့်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာ ၃၅ ရွာ အိမ်ထောင်စု ၂၀၀၀ အတွက် စုငွေနှင့် ချေးငွေ သမ၀ါယမ နှစ်ခု ထူထောင်ပေးသွားမည်ဖြစ်ကြောင်း PlaNet Finance မှ မတ်လ ၂၉ ရက်က ထုတ်ပြန်လိုက်သည်။

မည်သည့် အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးအထောက်အပံ့ မရရှိသေးသည့် အဆိုပါ ဒေသများသို့ အီးယူက ရန်ပုံငွေ မတည်ထောက်ပံ့ပေးထားသည့် ကရင်ပြည်နယ်တွင် ပူးပေါင်းအဆင့်မြှင့်စီမံ ချက်နှင့် လယ်ယာလုပ်ငန်း ဖွံ့ဖြိုးမှုမှတစ်ဆင့် ဘဏ္ဍာရေး အခွင့်အလမ်းများ ထောက်ပံ့ခြင်း စီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်သည်။

သမ၀ါယမအဖွဲ့ နှစ်ဖွဲ့က အဖွဲ့ဝင်များသို့ လယ်ယာကဏ္ဍ၏ ၀င်ငွေရရှိစေမည့် လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံရန် ချေးငွေထုတ်ချေးမည် ဖြစ်သည်။

အဆိုပါ သမအဖွဲ့နှစ်ခု ထူထောင်ခြင်းအစီအစဉ်မှာ လယ်ယာကဏ္ဍတွင် နည်းပညာအကူအညီ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးစားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး သုံးနှစ်တာ စီမံကိန်းအတွက် ဘတ် ဂျက်မှာ ယူရို ၉၆၅၅၀၉ (ကျပ် ၁ ဒဿမ ၂၅ဘီလီယံ) ဖြစ်ပြီး ၈၂ ရာခိုင်နှုန်းကို အီးယူကမတည် ထောက်ပံ့ပေးထားပြီး ကျန် ၁၈ရာခိုင်နှုန်းကို ပြင်သစ်ဖွံ့ဖြိုးမှုအေဂျင်စီ Agence Francaise Develop pement က ထောက်ပံ့ပေးခြင်း ဖြစ်သည်။

No comments: