Wednesday, November 2, 2016

ဂျပန် - မြန်မာ စီးပွားရေးဖိုရမ်တက်ရန် UMFCCI မှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော် ဂျပန် သွားမည်

ဇေယျာမော်

မြန်မာ - ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး နိုဝင်ဘာ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည့် စီးပွားရေးဖိုရမ် တစ်ခုကို စီမံကိန်းနှင့် ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်ရန် UMFCCI မှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ကျော်လိုက်ပါသွားမည်ဖြစ်ကြောင်း UMFCCI ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

" ကဏ္ဍအစုံကပဲ။ Banking တို့ စက်မှူတို့၊ စိုက်ပျိုးရေးတို့ လျှပ်စစ်တို့ အစုံပဲ လူ ၃၀ လောက်ပါသွားတယ်။ အစိုးရပိုင်းက ပေါ်လစီ ချပြီးတဲ့နောက် အန်ကယ်တို့ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း ညှိနှိုင်းမယ့် သဘောပါ" ဟု ဒေါက်တာ မောင် မောင်လေး ကပြောသည်။

အဆိုပါ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်သွားရောက်သည့် ဂျပန်ခရီးစဉ်နှင့် သက်ဆိုင်ခြင်းမရှိသော်လည်း စီမံကိန်း နှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးကျော်ဝင်း၏ ခရီးစဉ်နှင့် သက်ဆိုင်ကြောင်း ၄င်း၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

No comments: