Monday, July 26, 2010

ပြည်ထဲရေး ဒုဝန်ကြီး ဖုန်းဆွေ မောင်တောမြို့နယ်မှ ပြည်ထောင်စု လွှတ်တော် အမတ်အဖြစ် အရွှေးခံမည်

နိရဉ္စရာ

ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေသည် ပြည်ခိုင်ဖြိုး ပါတီကို ကိုယ်စားပြုပြီး မောင်တော မြို့နယ်မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အမတ်လောင်း အဖြစ် အရွှေး ခံမည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ အရာရှိ တဦး အပြောအရ ဦးဖုန်းဆွေအား ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြည်ခိုင်ဖြိုးပါတီမှ သတ်မှတ် ရာတာထားပြီး တခြား ရခိုင်အမျိုးသား ၂ ဦးအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

တခြား ရခိုင်အမျိုးသား နှစ်ဦးမှာ ရခိုင် ပြည်နယ် သမ၀ါယမ ဦးစီးမှူး ဦးမြအောင်နှင့် နောက် တဦးမှာ ကျောင်းဆရာဟောင်း ဦးစံရွှေဖြစ်သည်။

ပြည်နယ်လွှတ်တော်အဆင့်တွင် ဒေသခံ ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်များက ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဟု သူက ပြောသည်။

ဦးဖုန်းဆွေသည် ယခုနှစ်အတွင်း မောင်တောမြို့နယ်သို့ ရွှေးကောက်ပွဲနှင့် ဆက်စပ်သော လုပ်ငန်းများကို ဆောင်ရွက်ရန် ၁၀ ကြိမ်ထက် မနည်း ရောက်ရှိခဲ့ပြီး ဒေသခံ မူဆလင်များကို အဖြူရောင် ဧည့်နိုင်ငံသားကပ်ထက် အဆင့်မြင့်သော ပန်းရောင် ကပ်ပြားများကို ထုတ်ပေးရန် ကတိပြုထားသူ ဖြစ်သည်။

ဦးဖုန်းဆွေသည် မောင်တောဒေသခံ မူဆလင် စီးပွားရေးသမားများနှင့် အထူးရင်းနှီးသူ ဖြစ်ပြီး သူ့၏ ခရီးစဉ်အတွင်း အဆိုပါ မူဆလင် စီးပွားရေးသမားများမှာ ရန်ကုန်မှ အတူ ခြံရံလိုက်ပါလာလေ့ရှိသည်။

သို့သော်လည်း ရွှေးကောက်ပွဲနီးလာသည့် ယခုအချိန်ထိ ပန်းရောင်ကပ်ပြားများကို ဒေသခံ မူဆလင်များ ထုတ်ပေးခြင်း မရှိဘဲ အဖြူရောင် ဧည့်နိုင်ငံသား ကပ်ပြားများ ကိုသာ လ၀ကမှ ဆက်လက် ထုတ်ပေးနေသဖြင့် ဒေသခံများက ကတိပျက်သူ ဦးဖုန်းဆွေ အပေါ် အထူး မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

No comments: