Thursday, July 22, 2010

ရွှေတိဂုံ စေတီတော် အနီးရှိ ဘုန်းကြီးကျောင်း သုံးကျောင်းမှ သံဃာများကို ကျောင်းမှ အတင်း ဆင်းခိုင်း

မောင်အေး

ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် အနီးရှိ ရခိုင်ဘုန်းတော်ကြီး ကျောင်းတကျောင်း အပါအ၀င် ဘုန်းတော်ကြီး ကျောင်းသုံးကျောင်းမှ သံဃာတော်များကို ယခုလ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းမှ ဆင်းပေးရန် ရန်ကုန်တိုင်းသံဃာ့ နာယကရုံးမှ အမိန့်စာ ထုတ်ပြန် လိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ ကျောင်းသုံးကျောင်းမှာ ရခိုင်ရဟန်းတော်များ သီးတင်းသုံးသည့် ဒေါ်စံလှ ပိဋကတ် ကျောင်းတိုက်နှင့်  တခြား မြန်မာ ရဟန်းတော်များ သီတင်းသုံးနေသည့် ရွှေဟင်္သာ ပိဋတ်ကျောင်းတိုက်နှင့် ရွှေပိဋိကတ် ကျောင်းတိုက်တို့ ဖြစ်ကြသည်။

ရဟန်းတော်များကို ကျောင်းမှ ဆင်းပေးရန် အမိန့်ထုတ်ခြင်းမှာ အဆိုပါ ဘုန်းတော်ကြီး ကျောင်း သုံးကျောင်းကို လက်ရှိ တည်ရှိရာ နေရာမှ ဖယ်ရှားလို၍ ဖြစ်ကြောင်း ရခိုင်ရဟန်းတော် တပါးက နိရဉ္စရာသို့ မိန့်ကြားသည်။

No comments: