Wednesday, May 25, 2011

တောင်ဒဂုံ လေပြင်းတိုက်

အောင်မြတ်စိုး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် ၂၄ ရပ်ကွက်နှင့် စက်မှုဇုန်၌ အင်္ဂါနေ့ ညနေ ၄ နာရီခန့်တွင် လေပြင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

“ကျနော် အခုပဲ ပတ်ကြည့်ပြီး ပြန်လာတာ။ အပင်သေးတွေ ၄-၅ ပင်လောက် နည်းနည်းလဲတယ်။ အပင်ကြီးတွေ ကိုင်းကျိုးတယ်။ တချို့ဆိုင်တွေက သွပ်တွေ နည်းနည်းလန်တယ်။ ၂၄ ရပ်ကွက်နဲ့ စက်မှုဇုန်ဘက်က ဖုန်းကြိုးတွေ ပြတ်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

၅ မိနစ်ခန့် လေပြင်းနှင့်အတူ မိုးသည်းထန်ကာ မိုးကြိုးပစ်မှုများလည်း ရှိခဲ့ပြီး၊ လမ်းဘေးဆိုင်အချို့ ပြိုကျသည်များ ရှိခဲ့သည်။

အခြားတဦးကလည်း “ အထည်ချုပ် စက်ရုံတရုံ သွပ်တွေ ၁ဝ ချပ်လောက် လန်သွားတယ်။ အနီးဝန်းကျင်
ဈေးဆိုင်ခန်းတွေ၊ သစ်သီးဆိုင်တန်းတွေက သွပ်အမိုးတွေ အကုန်လန်ထွက်ကုန်တာ။ ဒဏ်ရာရတာတို့ ပျက်စီးဆုံးရှုံးမှုတော့မရှိဘူး” ဟု ပြောသည်။

ယခုအချိန်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည်။

No comments: