ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ မေလ ၁၈ ရက် ၂၀၁၁
အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းသည် ကြာသပတေးနေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင်ဝင်များနှင့်ပါ တွေ့ဆုံရန်အတွက် စီစဉ်ထားကြောင်း ပါတီပြန်ကြားရေးဌာနမှ ဦးသိန်းဦးက မဇ္ဈိမကို ပြောသည်။
မစ္စတာယွန်းသည် ဗုဒ္ဓဟူးမနက်တွင် မြန်မာနိုင်ငံကို ရောက်ရှိလာကာ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့နှင့် တွေ့မည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
၎ ရက်တာ ကြာမြင့်မည့် ယခုခရီးစဉ်အတွင်း လွှတ်တော်အမတ်များ၊ အစိုးရမဟုတ်သော အဖွဲ့များ၊ တိုင်းရင်းသား
ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။
မစ္စတာယွန်း၏ မြန်မာပြည် ခရီးစဉ်သည် ဒုတိယမြောက်ဖြစ်ပြီး၊ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလတွင်လည်း လာရောက်ခဲ့သေးသည်။
အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စီးပွားရေးနှင် သံတမန်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု တနှစ်သက်တမ်းတိုးမည်ဟု မေလ ၁၆ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။
သမ္မတအိုဘားမားလက်ထက် မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမှု ဆက်လက်ထားရှိမည် ဖြစ်သော်လည်း
မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံမှုများ ပြုလုပ်သည့် မူဝါဒ ကျင့်သုံးလျက်ရှိသည်။
No comments:
Post a Comment