Thursday, May 26, 2011

ဇလွန်တွင် မုန်တိုင်းကြောင်း နေအိမ်ပျက်စီး၊ လူသေဆုံးမှုများရှိနေ

ရိုးမ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့တွင် ပြီးခဲ့သည့် ၂၄ ရက်နေ့ ညနေပိုင်းတွင် မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်များ ပျက်စီခဲ့ပြီး လူအသေအပျောက်ရှိခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

မုန်တိုင်းက ညနေ (၄း၂၀) လောက်မှာ ရုတ်တရက်မိုးရွာပြီး တိုက်သွားတာ၊မြို့တဝက်လောက်က သစ်ပင်တွေလဲ မိုးကြိုးတွေ ပစ်သွားတယ်၊ အပျက်အစီးက မြစ်ကမ်းနဖူးက အိမ်တွေအားလုံးလဲပြိုကုန်တယ်၊ လူနှစ်ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူတွေလဲ ရှိတယ်” ဟု ပြောသည်။

ယင်းမုန်တိုင်းတိုက်ခက်မှုကြောင့် ကမ်းနားပိုင်ရှိ မူလတန်းကျောင်းနှင့် အမက ညောင်ပင်ဈေးကျောင်းတို့လဲ ပျက်စီးခဲ့ကြောင်း မြို့ခံက ဆက်ပြောသည်။

ဇလွန်မြို့၊ မြစ်ကမ်းနဖူးရပ်ကွက်တွင် အိမ်ခြေ (၃၀)ခန့်ရှိပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် အားလုံးပျက်စီးသွားပြီး မိုးကြိုး ထိမှန်ရာမှ လူသေဆုံးမှုရှိနေကြောင်း အဆိုပါ မြို့ခံက ဆက်ပြောသည်။

“မိုးကြိုးပစ်တာ လူနှစ်ယောက်သေတယ်၊ သုံးယောက်လောက် ဒဏ်ရာရတယ်၊ မိုးကြိုးတခုက ညောင်ပင်ဈေး (၁)လမ်းထဲက လူနေအိမ်ထဲဝင်ပြီး ပြန်ထွက်သွားတာ လူတော့ မသေဘူး၊ ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်း အမိုးများအတွက် ဒေသတွင်းရှိ လူမှုအထောက်ကူပြုအဖွဲ့များက သွားရောက်လှူဒါန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံက ပြောသည်။

အလားတူ ၎င်းနေ့ညနေပိုင်းမှာပင် ရန်ကုန်မြို့တွင်လဲ ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကြော်ငြာဆိုင်းဘုတ်များ၊ သစ်ပင်များ ပြိုလဲခဲ့ပြီး ယာဉ်ကြော ပိတ်ဆိုမှုများလဲ ဖြစ်ပွားခဲ့သည်။

No comments: