ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်း အစိုးရ ( အဲန်စီဂျီယူဘီ)ပြန်ကြားရေးဝန်ကြီး၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ( မြန်မာနိုင်ငံ)အမတ်တဦးလည်းဖြစ်သည့် ဒေါက်တာတင့်ဆွေက ဒေသအတွင်း အစိုးရ ဥပဒေကို ချိုးဖောက်ကျူးလွန် နေကြသော မြန်မာနိုင်ငံသားများ၏ အမှားအတွက် မီဇိုရမ် ပြည်နယ် အစိုးရနှင့် ဒေသခံပြည်သူ လူထုကိုအလေးအနက် တောင်းပန်ကြောင်းပြောဆိုလိုက်သည်။အိန္ဒိယ နိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ I & PR ခန်းမ၌ မေလ ၆ ရက်နေ့က ကျင်း ပခဲ့သော “Regime change in Burma: Post 2010 Elections and its Consequences” ဆိုသည့် ဆွေးနွေးပွဲတွင် ၀န်ကြီး ဒေါက်တာတင့်ဆွေက ယခုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်သည်။
ကျနော်တို့မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ်မှာအများဆုံးနေထိုင်ကြတယ်၊ လူမှုဒုက္ခ ၊ အနေအထား အမျိုး မျိုးကြားထဲကပြစ်မှုမှန်း မသိဘဲနဲ့မှားကြတဲ့ လူတွေလည်း အများကြီးရှိလိမ့်မယ်၊ရာဇ၀တ်မှုကအစ ဥပဒေကိုကျုး လွန်တဲ့ အထိလည်းရှိတယ်၊မူးယစ်ဆေးဝါးနှင့်အရက်သေစာအထိအမျိုးမျိုးပေါ့လေ၊ ဥပဒေနဲ့ဆန့်ကျင်တဲ့လုပ်ရပ်တွေက ဒေသခံ အစိုးရကော ဒေသခံပြည်သူတွေပါ အနှောင့် အယှက် ဖြစ်စေတယ်၊အဲဒီအတွက် ဒေါ်အောင်ဆန်း စုကြည်ဦး ဆောင်တဲ့ အဲန်အယ်လ်ဒီပါတီ ကိုယ်စားလေးလေးနက်နက်တောင်းပန်ပါတယ် ဟု ဒေါက်တာဦး တင့်ဆွေက ပြောဆိုခဲ့ သည်။
ဆက်လက်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ နှင့် ဒေသခံပြည်သူလူထုအနေဖြင့်၎င်းတို့ဒေသတွင် လာရောက်ခိုလှုံပြီး မြန်မာ့ဒီမို ကရေစီရေးအတွက်လှုပ်ရှားနေသူများနှင့် ရာဇ၀တ်မှုကျုးလွန်သူများအား ခွဲခြား မြင်ပေးရန် ဒေါက်တာတင့်ဆွေကမေတ္တာ ရပ်ခံလိုက်သည်။
” မြန်မာပြည်သားတွေဆိုတဲ့နေရာမှာ မြန်မာ့ဒီမိုကရေစီရေးနှင့်နိုင်ငံရေးကိုလှုပ်ရှားဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်တွေကို
ကိုယ့်ရဲ့ ၀မ်းရေးအတွက်နယ်စပ်ကျော်ပြီးရောက်လာတဲ့လူတွေနဲ့ခွဲခြားပြီးတော့မြင်ကြဖို့ပေါ့လေ၊မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကို ရာဇ၀တ်မှုကျူးလွန်လေ့ရှိတဲ့မြန်မာနိုင်ငံသားတွေ့နဲ့ခွဲခြားပြီးမြင်ပေးပါ”ဟု သူက ပြောဆို ခဲ့ သည်။
မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများကိုဒေသခံရဲများကဖမ်းဆီးမိတိုင်း အများစုမှာ မြန်မာ နိုင်ငံသားများဖြစ်ကြသည်။ ထို့ကြောင့် ဒေသခံမီဇိုပြည်သူတွေအနေနဲ့လည်းမြန်မာနိုင်ငံသားများအပေါ် သနားကျင်နာမှု လျော့နည်းလာကာမြန်မာနိုင်ငံသားများကို ဒုစရိုက်သားကောင်အဖြစ်ရှုမြင်လာကြသည်။
မြန်မာ့ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးခြွတ်ခြုံကျမှု၊အုပ်ချုပ်ရေးညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံသားများသည် မကောင်း မှုဒုစရိုက်မျိုးစုံကို လုပ်နေရခြင်း ဖြစ်ပြီး ယင်းဆိုးကျိုးသည်မီဖိုရမ်ပြည်နယ်အထိ ထိခိုက်လာကြောင်း ထို့ ကြောင့် မြန်မာ ပြည်သူများသည်မီဇိုပြည်သူများ၏ အမြင်စောင်းမှုကို ခံနေရကြောင်း ဆက်ပြောသည်။
” ကမ္ဘာ့အတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်ဘိန်းဖြူအများဆုံးထုတ်လုပ်တဲ့နိုင်ငံမှာ မြန်မာနိုင်ငံကတစ်(သို့)နှစ်မှာအမြဲ တမ်း ရှိတယ်၊ အဲဒီ အဆင့်နေရာကို အမြဲတမ်းယူနေတဲ့နိုင်ငံတွေထဲမှာ မြန်မာ နှင့် အာဖဂါနန်စတန်နိုင်ငံတို့ဟာ အဲဒီအခြေခံမှာ
သွားတူနေတယ်၊ အဲဒါတွေအခြေခံက နိုင်ငံရေးမတည်ငြိမ်မှု၊စီးပွားရေးခြွတ်ခြုံကျမှု နှင့် အုပ်ချုပ်ရေးညံ့ ဖျင်းမှုတွေကြောင့်
ဖြစ်တယ်၊ နိုင်ငံသားတွေဟာ တခြားကောင်းရောင်းကောင်းဝယ်လုပ်ဖို့ အခွင့်အလမ်းနည်းတဲ့အတွက်မူးယစ်ဆေးဝါး လုပ်ငန်း တွေကို အားကိုးကြတယ်၊တဆက်တည်းမှာဘဲ အုပ်ချုပ်သူတွေဘက် က မူးယစ်ဆေးဝါးနှိမ် နှင်းရေးမှာ
ပျက်ကွက်သလို စီးပွားရေးခြွတ်ခြုံကျမှုကြောင့် သာမန်ပြည်သူတွေဟာဖြတ်လမ်းနဲ့ ၀င်ငွေ ရနိုင်မယ့်နည်းကို လိုက်ကြတယ်၊ အဲဒါတွေကတခုချင်းဖြေရှင်းလို့မရဘူး၊ တပါတည်း ဖြေရှင်းမှ ရပါလိမ့်မယ်” ဟုပြောသည်။
ယခုကျင်းပသည့် “Regime change in Burma: Post 2010 Elections and its Consequences” ဆွေးနွေးပွဲကို Burma Central – Delhi ၊ချင်းလူ့အခွင့်အရေးအဖွဲ့ နှင့် Grass root Development Network တို့ကကမကထပြုလုပ်ခဲ့ကြပြီး ဒေသတွင်း Zo Indigenous Forum အဖွဲ့ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင်အစိုးရသစ်တရပ်ပေါ်ပေါက်လာပြီဖြစ်သော်လည်း အစစ်အမှန်ပြောင်းလဲခြင်းမဟုတ်
ကြောင်း စစ်ဝတ်စုံများကိုချွတ်ပြီး အရပ်သားအ၀တ်ကို လှဲဝတ်ခြင်းဖြစ်ကြောင်း Mizoram Committee for Democracy in Burma (MCDB)အဖွဲ့ဥက္ကဌ Pu Vanlalngaia ကပြောသည်။
” ကျနော်တို့မြင်တာက စစ်ဝတ်စုံကိုချွတ်ပြီး အရပ် ၀တ်ကိုဝတ်ဆင်ထားတာပါ၊တကယ်ပြောင်းတာမဟုတ်ဘူး၊ ဒါကြောင့် ကျနော်တို့အများကြီးကြိုးစားရဦးမယ်၊ဒါပေမဲ့ အရင်ကလို စစ်ဝတ်စုံတွေကိုဝတ်ပြီးနေတာထက် ခုလိုအရပ်သားဝတ်စုံတွေ ၀တ်လိုက်တာဟာအဆင့်တဆင့်တော့တက်လှမ်းလိုက်တယ်လို့ကျနော်မြင်တယ်”ဟုပြောသည်။
မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားစုစုပေါင်း ၈သောင်းခန့်ရှိသည်ဟုခန့်မှန်းရပြီး ယင်း ၀န်ထုပ်ကြီးသည် စီးပွားရေးအား
နည်းသည့် မီဇိုရမ် အနေဖြင့်မလွယ်ကူကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမ ဟာမင်းကြီးရုံး (ယူအဲန် အိုက်စီအာရ်)အနေဖြင့် မီဇိုရမ်ပြည်နယ်တွင် ရုံးဖွင့်လှစ်ကာ မြန်မာနိုင်ငံ သားများအားကူညီဖြေရှင်းရန် လိုအပ် ကြောင်း Pu Vanlalngaia ကဆက်ပြောသည်။
” မီဇိုရမ်ရဲ့ Economic ကတော်တော်လေးဆိုးပါတယ်၊ ကျနော်တို့ပြည်တွင်းထွက်ကုန်တွေ မရှိဘူး၊ ဒီလိုအခြေအနေမျိုးမှာ ဧည့်သည် ၈သောင်းလောက်ကို လက်ခံဖို့ဆိုတာ ကျနော်တို့ရဲ့ခက်ခဲမှုကို ၈၊ ၁၀ရာခိုင်နှုန်းလောက်ကို တိုးပွားစေ တယ်လို ဆိုရမှာပါ၊ ဒါကြောင့်(ယူအဲန်အိုက်စီအာရ်)ဘက်ကနေ ဒီမှာ ရုံးတွေလာဖွင့်နိုင်မယ်ဆိုရင်တော့တဖက်မှာလည်း မီဇိုရမ်မှာ Funding တွေဝင်လာမယ်၊ကောင်းကောင်းမွန်မွန်နဲ့အတူတကွလက်တွဲလုပ်ဆောင်ကြမယ် Proper Restraint ion
of Refugee ကိုလည်း ကောင်းကောင်းလုပ်ဆောင်ရမယ်ဆိုရင်တော့ ကျနော်တို့ ရဲ့လူမှုအခက်အခဲတွေတော်တော် များများကိုဖြေရှင်းနိုင်မယ်လို့ကျနော်မျှော်လင့်တယ်”ဟုသူကပြောသည်။
No comments:
Post a Comment