Saturday, August 27, 2011

မြန်မာတပ် အမြောက်ဆံသင့်သော ဆရာမ မိုင်းအောင်၌ ထူးခြားသည့်လက္ခဏာပြ

KNG

မြန်မာ အစိုးရ တပ်၏ အမြောက်ဆံ သင့်သည့် ကျောင်းဆရာမ မိုင်းအောင်သည် သာမန် မဟုတ်သည့် ဒဏ်ရာ လက္ခဏာများ ခံစား နေရ သည်ဟု သိရသည်။

“ဆရာမိုင်းအောင် ဆက်တိုက် ဆိုသလို တော်တော်လေး အော့အန်တယ်။ သံပုရာသီး စားလိုက်ရင် ပြန်သက်သာ လာတယ်။” ဆရာမ ဆေးကုသ မှုခံယူ နေသည့် နမ်လင်းပါ KIO ဆေးရုံနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် ဆရာမ၏ ခန္ဓာကိုယ်ရှိ အမြောက်ဆံ ထိသည့် နေရာ များအား ခွဲစိတ်ရာ ဂီတာကြိုး စကဲ့သို့သော သံကြိုး မျှင်များ ထွက်လာ သည်ဟု ဆိုသည်။ အချို့ကို မ ခွဲထုတ်နိုင် သေးကြောင်း ထပ်ပြောသည်။

ဆရာမ မိုင်းအောင်သည် သူ၏ တပည့် (၄) ဦး (မ ဖေါ်လားထု သူငယ်တန်း၊ မ အင်ဒေါင်ဒီးရာ သူငယ်တန်း၊ မ လဘန်ဘောက်ဆန် ပထမ တန်းနှင့် မ အင်ဒေါင် ဘောက်ရာ) ကို စာပြ နေချိန် သြဂုတ်လ (၂၀) ရက် ည (၈) နာရီခန့်တွင် မံဂျေ (မံစီ)မြို့နယ်၊ ဂျေအူကျေး ရွာ၌ တပ်စွဲ ထားသော ခလရ (၇၄) က ပစ်ခတ် လိုက်သော အမြောက် ကျည်မှာ ဆရာမ အိမ်ပေါ် ကျရောက်ေ ပါက်ကွဲ ခဲ့သည်။

(၆) နှစ်အရွယ် ဖေါ်လားထု ချက်ချင်း သေဆုံးကာ ဆရာမ နှင့်အတူ ကျန်တပည့် (၃) ဦးအား နမ်လင်းပါ (Namlim Pa) ရှိ KIO ဆေးရုံတွင် ဆေးဝါး ကုသပေး လျက်ရှိ နေစဉ် ယခုကဲ့သို့ ဒဏ်ရာ လက္ခဏာ များ ပြသ လာခြင်းဖြစ် သည်ဟု သိရသည်။


No comments: