Wednesday, August 24, 2011

အန်ထွက်လာတဲ့ ခံစားချက်

##ပုံကြမ်းတောင် မထုဆစ်တတ်ဘဲနဲ့ ၊
ပန်းပု ဆရာ အခေါ်ခံချင် သူတွေ ၊ တွေ့ မြင်နေရတော့၊
ဆရာကြီး ဦးဟန်တင် ကို၊ လွမ်းမိတယ်။ ။

##မျဉ်းဖြောင့် မျဉ်းကွေး ၊ပီအောင်မရေးနိုင်မီက၊
ပန်းချီဆရာ အခေါ်ခံချင်သူတွေနဲ့ ၊
ဆရာကြီး ဦးငွေကိုင် ကို လွမ်းမိတယ်။ ။

## စာစပ်တောင် မသင်ရခင်က
ကဗျာမှု ဆိုဘဲ
စု တု ပြု တောင်မသိတဲ့လူတွေ နဲ့ တွေ့ တော့၊
ဆရာကြီး မင်းသုဝဏ် ကို လွမ်းမိတယ်။

## ဘုတော ဘေးထိုင်
ယိုင်နဲ့ နဲ့  သဘောတရား အဆင် နဲ့ ၊
ငါ့ ကိုယ် ငါ ပြန်မြင်ကြည့် လေတော့၊
"သြော်--သေသော်မှတည့် ၊ အို ကောင်း၏။ "


မှတ်ချက်၊ ။မည်သူ့ ကိုမျှ မရည်ရွယ်ပါ။

မောင်သန့် ။ ၂၃-၀၈-၂၀၁၁

No comments: