Saturday, August 27, 2011

မူစယ် - မန္တလေးလမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြန်ပြီ

သျှမ်းသံတော်ဆင့်

တရုတ် နိုင်ငံမှ ဝယ်ယူ လာသည့် စစ်ကား အသစ် အစီး ၁၀၀ ကျော်ပါ အစိုးရ စစ်တပ် ယာဉ်တန်း ကို မူစယ် - မန္တလေး လမ်း နမ့်အွန်ရွာ အနီးတွင် ယမန်နေ့ နေ့လည် ၁ နာရီခန့်က အမည်မသိ လက်နက် ကိုင်များ ဗုံးခွဲ တိုက်ခိုက်ခဲ့ရာနှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ ရှိကြောင်း စုံစမ်း သိရသည်။

မူစယ် - မန္တလေး လမ်းမပေါ်တွင် နှစ်ရက် အတွင်း ဒုတိယ အကြိမ် တိုက်ခိုက် ခံရခြင်း ဖြစ်ပြီး စစ်ကား တချို့ လည်း ပျက်စီး မှုရှိ ကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မူစယ် ၁၀၅ မိုင်အထွက် နမ့်အွန်ရွာ အနီးပေါ့ ခိုင်းပါရင်ဆိုတဲ့နေရာမှာဖြစ်တာ။ သူတို့က ဗုံးအရင်ခွဲလိုက်ပြီးသေနတ် လည်း နည်းနည်း ပါးပါးပစ်တယ် ၂ ယောက် ကတော့ တစ်ခါတည်း သေသွားတယ်။ ဒဏ်ရာ ရတဲ့တစ် ယောက်ကို ဆန်နီကား နဲ့ မူစယ် ဆေးရုံ ခေါ်လာတာ ဆေးရုံမှာ ထပ်သေတယ် ” ဟု သူက ဆိုသည်။

ယခုလ ၂၄ ရက်နေ့ ကလည်း နမ့်ဖတ်ကာမြို့နယ်ခွဲ လွယ်ပန်စလော့ တောင်ခြေ အနီးတွင် မူစယ် - မန္တလေး လမ်း လုံခြုံရေး တာဝန်ယူ နေသည့် မြန်မာ စစ်သည် နှစ်ဦး ဈေးဆိုင်မှ ထွက်လာစဉ် သေနတ် သမားများက အနီးကပ် ပစ်ခတ်သွား သည်။

အဆိုပါ တိုက်ခိုက်သည့် လက်နက်ကိုင်များမှာ KIA တပ်ဖွဲ့မှ ဖြစ်ဖွယ်ရှိကြောင်း အများက ထင်ကြေးပေး နေကြ သော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

No comments: