Thursday, August 25, 2011

ခရီး​သွား​လုပ်ငန်း​ အရှုံး​​ပေါ်​နေမှုကို ကယ်တင်​ရေး​ ပြင်ပြီ

ရွှေအောင်

ပြည်တွင်း​မှာ အ​မေရိကန်​ဒေါ်လာ​ဈေး​ ကျ​နေတာ​ကြောင့်​ ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​ ထိခိုက်​နေတာကို ကယ်တင်ဖို့​ ဟိုတယ်ခရီး​ဝန်ကြီး​ဌာနက ပညာရှင်​တွေဆီက အကြံဉာဏ်​တွေ ရယူ​ဆောင်ရွက်​နေပြီလို့​ သတင်း​ရရှိပါတယ်။

နေပြည်​တော်မှာ မ​နေ့​ကကျင်း​ပတဲ့​ ဧည့်​လမ်း​ညွှန် အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ ဟိုတယ်ခရီး​ဝန်ကြီး​က အဲဒီလို​ပြောသွား​တယ်လို့​ ​ဆွေး​နွေး​ပွဲကို တက်​ရောက်ခဲ့​တဲ့​ ဧည့်​လမ်း​ညွှန်အသင်း​ ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ညီညီက ​ပြောပါတယ်။

“ခရီး​သွား​လုပ်ငန်း​မှာ ဘာ​တွေ ​ဖြေ​လျှော့​ပေး​ရင် ​ကောင်း​မလည်း​၊​ ဘယ်အပိုင်း​ကို သူတို့​ ဝင်ပြီး​တော့​ ကူညီရင် ​ကောင်း​မလည်း​ ဆိုတာ စတင်စဉ်း​စား​နေပြီလို့​တော့​ မ​နေ့​က ​နေပြည်​တော်မှာလုပ်တဲ့​ ဧည့်​လမ်း​ညွှန် အလုပ်ရုံ ​ဆွေး​နွေး​ပွဲမှာ​တော့​ ဝန်ကြီး​ပြောတဲ့​အထဲမှာ ထည့်​ပြောသွား​တယ်ခင်ဗျ။”

အကြံဉာဏ်ယူပြီး​တော့​ လက်​တွေ့​လုပ်​ဆောင်ချက်​တွေ ​နောက်ဆက်တွဲလာ မယ်လို့​ ​မျှော်လင့်​တယ်လို့​လည်း​ ဦး​ညီညီက ​ပြောပါတယ်။

“ဟိုတယ်ခရီး​က လူကြီး​တွေကို သမ္မတရဲ့​ အကြံ​ပေး​အဖွဲ့​က ဘာ​တွေအကြံ​ပေး​ဖို့​ ရှိလဲ​ပေါ့​နော်၊​ ခရီး​သွား​လုပ်ငန်း​တိုး​တက်​အောင် ဘာ​တွေ​ပြောချင်လဲဆိုတာမျိုး​ကို အကြံဉာဏ်​တွေ ယူ​နေပြီ​ပေါ့​နော် ​လော​လောဆယ်မှာ အကြံဉာဏ်ယူပြီး​တော့​ စတင်လုပ်​ဆောင်မယ်လို့​ ​မျှော်လင့်​ရပါတယ်။”

လတ်တ​လောမှာ​တော့​ ​ဒေါ်လာ​ဈေး​ကျ​နေတာ​ကြောင့်​ ခရီး​သွား​လုပ်ငန်း​တွေ အရှုံး​ပေါ်​နေတယ်လို့​ ဆိုပါတယ်။ ဒီက​နေ့​ ​ဒေါ်လာ​ပေါက်​ဈေး​က တ​ဒေါ်လာကို ကျပ် ၇၃ဝဖြစ်ပါတယ်။ ဟိုတယ်ခနဲ့​ ခရီး​သည်​တွေအတွက် ငှား​ရတဲ့​ ကား​ခ​တွေလည်း​ ၃၀ ရာခိုင်နှုန်း​အထိ ​ဈေး​တက်​နေတယ်လို့​လည်း​ ဆိုပါတယ်။

အိမ်နီး​ချင်း​နိုင်ငံ​တွေနဲ့​နှိုင်း​ယှဉ်ရင် မြန်မာပြည်ကိုလာလည်ရတဲ့​ စရိတ်ကလည်း​ မြင့်​နေပါတယ်။

ထိုင်း​နိုင်ငံခရီး​စဉ်တခုအတွက် ​ဒေါ်လာ ၈၀၀ နှုန်း​လောက် ဖြစ်​နေချိန်မှာ မြန်မာပြည်အတွက်က ​ဒေါ်လာ ၁,၅၀၀ ​လောက်ဖြစ်​နေတာပါ။

မြန်မာပြည်ကို ဒီနှစ်ထဲ ကမ္ဘာလှည့်​ခရီး​သည် တသိန်း​ကျော် ဝင်​ရောက်ထား​ပြီး​ နှစ်ကုန်မှာ ခရီး​သည်ငါး​သိန်း​လောက် ဖြစ်မယ်လို့​ အစိုး​ရက ​မျှော်မှန်း​နေပါတယ်။

No comments: