Friday, August 26, 2011

KIA ခြုံခိုတိုက်ခိုက်မှုတွင် မြန်မာစစ်သား ၂ ဦးကျ၊ ၄ ဦးဒဏ်ရာရ

KNG

မန္တလေး-မူဆယ်လမ်းပိုင်းတွင် သြဂုတ်လ ၂၄ ရက်က မြန်မာစစ်သားများအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိသည်ဟု KIA သတင်းရပ်ကွက်က ဆိုသည်။

မြန်မာစစ်သားများထံမှ သေနတ် (၂) လက်ကိုလည်း သိမ်းဆည်း ရရှိသည်ဟု ဆက်ဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဘက်သို့ ဦးတည်ချီတက်သွားသည့် အင်အား ၂၀ ကျော်ရှိ မြန်မာစစ်သားများအား မုန်ဘော် (Mungbaw) တံတားအကျော် နမ်ဖတ်ကာ(Nampaka)မြို့မရောက်မီ လျှို တစ်နေရာတွင် KIA တပ်မဟာ (၄)လက်အောက်ရှိ တပ်ရင်း (၉) တပ်သား များက ခြုံခို တိုက်ခိုက်ခဲ့ သည်ဟု ယင်းတပ် မဟာ မှ KIA အရာရှိများပြောသည်။

လွန်ခဲ့သည့် ၂ ပတ်ကျော်တွင်လည်း နမ္မတူ ဒေသတွင် မြန်မာစစ်သားများနှင့် KIA တပ်မဟာ (၄) လက်အောက်ရှိ တပ်ရင်း (၈) ကြားတိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်သား ၂၀ ကျော် ကျဆုံးခဲ့ကြောင်း KIA တပ်ရင်း (၈) သတင်းရပ်ကွက်က ဆိုသည်။


No comments: