Wednesday, August 24, 2011

ဆမားကျေးရွာမှာ မြန်မာအစိုးရစစ်သားများအား KIA တပ်သားများ လိုက်လံပစ်ခတ်

KNG

ယနေ့နံနက်ပိုင်းတွင် ဆမားကျေးရွာတွင် ဒေသခံများ၏ မီးဖိုထင်း ခိုးယူသယ်ဆောင်နေကြသော မြန်မာအစိုးရစစ်သားများအား ဖလပ်ဘွမ်တပ်မ အခြေစိုက် KIA တပ်သားများက လိုက်လံပစ်ခတ်သည်ဟု ဒေသခံများပြောသည်။

အတိုက်ခံရသော မြန်မာစစ်သားများသည် ရွာတောင်ကုန်းတွင် အခြေစိုက်ထားသည့် တပ်စခန်းမှဖြစ်သည်။ အဖြစ်အပျက် အသေးစိတ်ကို မသိရသေးပါ။

ဆမားကျေးရွာသည် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း ဂါးရာကျေးရွာအရှေ့ဘက်၊ KIA ၏ ဖလပ်ဘွမ် တပ်မ အခြေစိုက်စခန်းသို့ဦးတည်သည့် လမ်းတွင် တည်ရှိသည်။

No comments: