ထွန်းထွန်း
ယနေ့ကျရောက်သော ၄၄ နှစ်မြောက် ၁၃ သြဂတ်စ် စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားကို ဘင်္ဂလား ဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့ ကော့စ်ဘာဇား တွင် ယနေ့ ကျင်းပ ပြုလုပ် ခဲ့သည်။
အခမ်းနားကို ဆန်ပြဿနာနေ့တွင် ကျဆုံးသွားသူများအား တမိနစ်ကြာ ဂါရ၀ပြုကာ ဖွင့်လှစ်ခဲ့သည်။
ဆန်အရေးအခင်းတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ အသက် (၇၀) ကျော် အရွယ် APCRB ဥက္ကဌ ဦးကျော်စိန်က စစ်တွေ ဆန်ပြဿနာ အရေးအခင်း ဖြစ်ပွားရပုံကို ယခုလို ပြောသည်။
"ဆန်ပြဿ နာဖြစ်ရတဲ့အကြောင်းရင်းက ရခိုင်က ဆန်ကိုပြည်ပနိုင်ငံကိုပို့တယ်။ ပီးရင် ဧရာဝတီ လေမုန် တိုင်းသင့် ဒေသကို ရခိုင်ကဆန်တွေ တင်ပို့နေတော့ ရခိုင်ပြည်မှာရခိုင်သားတွေ စားစရာ ဆန်မရှိဘူး ဖြစ်သွားတယ်။ အဲဒီတော့ လူတွေကထမင်းငတ်လာပြီး ဦးနေ၀င်း စစ်အစိုးရကို တင်ပြကြတယ်။ အဲဒီအချိန်က ရခိုင်ပြည်မှာ အာဏာရှိသူက ဗိုလ်မှူး စောဖြူ ဖြစ်ပါတယ်။ သူ့ဆီက တလ အတွက် တအိမ်ထောင်ကို ဆန်ဗူး ၆၀ တောင်းခဲ့ကြပေမဲ့ ဗူး ၄၀ ပဲပေးတယ်။ ၀မ်းမ၀ကြတော့ ဆန်ဂိုဒေါင်ကို သွားကြတယ်။ လူအုပ်ကြီးနဲ့ ဆန္ဒပြပြီးတော့ သွားဖေါက်ကျ၊ ငင်ကျ၊ လုကျနဲ့ဖြစ်ကြတယ်။ နောက်ဆုံး လမ်းမပေါ်ထွက်ပြီး ဆန်ရရှိရေး တောင်းဆို ဆန္ဒပြကြတော့ အဲဒါကို စစ်တပ်က အနုနည်းနဲ့ မဖြေရှင်းပဲ သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ် ခဲ့ပါတယ်။ ခန့်မှန်း ရသလောက် အဖြစ်မဲ့ ရခိုင်ပြည်သူ ၃၀၀ ကျော်သေဆုံးခဲ့ရပါတယ်" ဟု အခမ်းအနားတွင် ပြောဆို ခဲ့သည်။
သဘာပတိ အဖြစ် ဆရာတော် စန္ဒာဝရ၊ ကိုယ်တော် ခေမ္မာနှင့် လူပုဂ္ဂိုလ်များဖြစ်ကြသော ဦးမောင်ဟန်၊ ဦးထွန်းရဲ၊ ဦးကျော်စိန် တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။ အဖွင့်အမှာစကားကို ဆရာတော် စန္ဒာဝရက ပြောကြားပြီးနောက် တက်ရောက်လာသော မျိုးချစ်ပုဂ္ဂိုလ်အသီးသီး မှ မိန်းခွန်း စကားများ ပြောကြားခဲ့သည်။
အခမ်းနားဖြစ်မြောက်ရေးကော်မတီမှ လက်ရှိ အစိုးရကို တောင်းဆိုသော အချက်များကိုလည်း ကိုခိုင်စိုးက ကို ယခုကဲ့သို့ နိရဉ္စရာ ကို ပြောသည်။
"ဒီကနေ့ တောင်းဆိုတဲ့ အချက်တွေကတော့ (၁) ယခင် ဦးနေ၀င်းလက်ထက်က ကျူးလွန်ခဲ့တဲ့အမှားမျိုးကို ယခု လက်ရှိ အစိုးရအနေနဲ့ ဆက်မမှားဖို့ရယ် (၂) စစ်မှန်တဲ့ ပြည်ထောင်စု အစိုးရ တရပ် ပေါ်ပေါက်ဖို့ရယ် (၃) နိုင်ငံရေးကို လက်နက်နဲ့ မဖြေရှင်းပဲ နိုင်ငံရေးအရ ဖြေရှင်းဖို့ရယ် ဒါတွေကို ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်" ဟုပြောသည်။
အခမ်းနားကို နံနက် ၉ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီး နှစ်နာရီခန့်တွင် အကြာတွင် ပြီးဆုံးခဲ့သည်။ ၎င်းနောက်ပိုင်း ဆန်ပြဿနာနေ့တွင် သေဆုံးသူများအား ရည်စူးပြီး ဘုန်းတောင်ကြီးများသို့ သွားရောက်ကာ ဆန်လှူဒါန်းခဲ့ကြသည်။
အခမ်းနားသို့လူပေါင်း ၃၀ ကျောက်တက်ရောက်ပြီး အခမ်းအနားကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရောက် ရခိုင် အမျိုးသား အင်အားစုမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment