သျှမ်းသံတော်ဆင့်
ဝမ့်ဟိုင်းဌာနချုပ်အား တပ်ရင်း ၁၄ ရင်းဖြင့်ဝိုင်းထား ရာမှ အင်အား ၄-၅ ရင်းသာချန်ထားပြီး ထက်ဝက် ကျော် တပ်ဆုတ် သွားခဲ့ သော်လည်း ယမန့် နေ့ကဆန် အိတ်ရာချီ ရိက္ခာ ထပ်ပို့ ထားကြောင်း စုံစမ်း သိရှိရပါ သည်။
“မနေ့ ၊ တနေ့တုန်းကပေါ့ တရက်ကို လေးလုံးထိုးတွေ၊ ထော်လာဂျီအကြီးစားတွေ၊ သရီးဂရောင်းတွေ၊ မှန် လုံကားတွေ ချောဆွဲတယ်။ ဆန်အိပ် ရာနဲ့ချီတင်ခိုင်းတယ်။ ဝမ့်ဟိုင်းဌာနချုပ်နယ်မြေနားက ခြေကုပ် ထားတဲ့ သူတို့ တပ်စခန်းတွေဆီ သွားပို့ခိုင်းတာ။ လုံခြုံရေး ယူပေးတာက ခလရ ၁၃၁ ” - ဟု ဒေသခံတဦးက ပြော ပါသည်။
ဩဂတ်စ် ၃-၄ ရက်နေ့၌ ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ က မြို့တွင်း ထော်လာဂျီအကြီးစားများ၊ သရီး ဂရောင်းများ၊ လေးလုံး ထိုးကားအပါအဝင် မှန်လုံကားများ တစီးစီ ချောဆွဲ၍ ကျေးသီး - မိုင်းရယ်လမ်းမ ပေါ်ရှိ ပန်စေ့၊ လွယ်ယွဲ (ကျေးသီးနှင့် နမ့်ပုတ် တပ်စခန်းကြား ၇ မိုင်ခန့်) သို့ ဆန်အိတ်ရာချီ တင်ပို့ခိုင်း ခဲ့ ကြောင်း၊ ထိုမှတဆင့် ဝမ့်ဟိုင်းအနီး ဝမ့်မိတ်သို့ ယမန်နေ့က ထပ်မံတင်ပို့ခဲ့ရ ကြောင်း ချောကား အသိုင်း အဝိုင်းနှင့် နီးစပ်သူတဦးက ပြောပြပါသည်။
“ပန်စေ့ ရောက်ရင် လေးဘက်လေးတန်ထပ်ခွဲပို့နိုင်တယ်လေ။ ဒီလောက်များတဲ့ ဆန်အိတ်က စစ်တိုက်ဖို့ မဟုတ်ရင်ဘာသွားလုပ်မလဲ။ အစပိုင်းကတော့ ဘုန်းကြီးကျောင်းတွေ လှူဖို့ စာရင်းလိုက်ကောက် နေသေး တယ်။ ဘာဟုတ်မလဲ သူတို့ ရှေ့တန်းတပ်အတွက်ဘဲ ” - ဟု စစ်ရေးအခြေအနေ စောင့်ကြည့်လေ့လာ သည့် ခေတ်ပညာတတ်လူငယ်တဦးကပြောပါသည်။
မြန်မာအစိုးရတပ်ဆုတ်နေမှုမှာ အကြောင်းရင်းနှစ်ရပ်သာရှိကြောင်း - ၁။ တိုက်ခိုက်ရေးနည်းဗျူဟာ ပြောင်း လဲရန်၊ ၂။ သျှမ်းပြည်အစိုးရ အနေဖြင့်ကြားဝင်ပေးနိုင်မည့် အခြေအနေကိုစောင့်ရန် ဖြစ်နိုင်သည်ဟု သျှမ်း ပြည်တပ်မတော်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် က သုံးသပ်ပါသည်။
မြန်မာ အစိုးရတပ်သည် မတ်လ ဆန်းပိုင်းမှ စ၍ တပ်အင်အား ၄၂ ရင်းဖြင့် သျှမ်းပြည်တပ်မတော် ၄-၅ မြို့နယ်ထိန်း ချုပ်နယ်မြေအနှံ့ဖြန့်ကျက်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်၏။ ဂျူလိုင်လလည်ပိုင်းက ဌာန ချုပ်ဝမ့်ဟိုင်းအား ၇ ရက်အတွင်း သိမ်းပိုက်ရန် အင်အား ၁၄ ရင်းဖြင့် ဝိုင်းထားရာမှ အစီအစဉ် အထ မမြောက်ဘဲ ပြီးခဲ့သည့်အပတ်က အင်အားထက်ဝက်ကျော် တပ်ရုပ်သွားခြင်းဖြစ်သည်။
No comments:
Post a Comment