Wednesday, August 3, 2011

မြို့နယ် အုပ်ချုပ်ရေမှူး လဒ်စားသည့် အရှုတ်အရှင်း ကြံ့ဖွံ့ပါတီက ကြားဝင်

KHONUMTHUNG NEWS GROUP

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ချင်းပြည်နယ် ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ၀န်ထမ်းတနေရာ အတွက် ဘွဲ့ရလူငယ်နှစ်ဦးထံမှ လဒ်စားမှူပြသနာအတွက် ကြံ့ဖွံ့ပါတီခေါင်းဆောင်များမှ ကြားဝင်ဖြန်ဖြေ ပေးသည် ဟု သိရသည်။

“အလုပ်ခန့်မယ်ဆိုပြီး လူငယ်တဦးထံကနေ မနှစ်ကတည်းက ကျပ်ငွေ နှစ်သိန်းယူထားတယ်၊ ယခုနှစ်အလုပ်ခန့် တဲ့အ ချိန်မှာ လူတဦးစီကနေ ကျပ်ငွေ၅ သိန်းပြန်ယူပြီး အလုပ်ခန့်တော့ အရင်လူက မကျေနပ်တာ” ဟု ထန်တ လန်မြို့ပေါ် မှ ၀န်ထမ်း တဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးသည် ထန်တလန်မြို့နယ်လုံဒိန်းကျေးရွာအုပ်စု စာရေးဝန်ထမ်း တနေရာစာအတွက် ဘွဲ့ရလူငယ် နှစ်ဦးထံမှ ကျပ်ငွေ ၂ သိန်း နှင့် ကျပ်ငွေ ၅သိန်း အသီးသီးယူထားပြီး ပိုက်ဆံ နှစ်သိန်းပေးသည့် အရင်လူကို အလုပ်မခန့် တော့ သောကြောင့် ပြသာနာပေါ် ခြင်းဖြစ်သည်ဟု ထန်တလန်မြို့ပေါ် ရပ်မိရပ်ဖတဦး ကပြောည်။

” မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးငွန်ဟရမ်း နဲ့ ဒေါက်တာမှူထန်တို့က အလုပ်မရတဲ့ လူငယ်မိဘတွေကို တောင်းပန်ကြတယ်၊ အဲဒီ လူငယ်ကို မြို့နယ်ကြံ့ခိုင်ရေးပါတီ ရုံးမှာ တလ ၇ သောင်း နှုန်းနဲ့ အလုပ်ခန့်ထားကြမှ ပြသာနာ အေးတော့တာ” ဟု ပြောသည်။

ထန်တလန်မြို့နယ် ကြံ့ဖွံ့ပါတီသည် ဇူလိုင်လမှ စပြီး မြို့နယ် ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မီတီဝင် ၁၅ ဦးအား တလ ၆ သောင်းနှုန်း၊ စာရေးကြီးနဲ့ စာရေးငယ် အင်အား ၄ ဦးအား တလ ၈ သောင်း နဲ့ ၇ သောင်းနှုန်းဖြင့် ထောက်ပံ့ သွား ကြမည်ဟု ပြောကြသည်။ ၀င်ငွေ ရရှိမှုကိုတော့မသိရပေ။

” ကြံ့ဖွံ့ပါတီဖြစ်ဖြစ် တခြားနိုင်ငံရေးပါတီဖြစ်ဖြစ် အဲလိုမျိုးလဒ်စားမှုတွေကို အရေးယူရမှာ၊ ကြံ့ဖွံ့လုပ်ရပ်က လဒ်စားမှူ အားပေးတာပဲ” ဟု အငြိမ်းစား ၀န်ထမ်းတဦးက ပြောသည်။

အလားတူ ထန်တလန်မြို့နယ် ပညာရေးဌာနတွင် ကျောင်းသားများထံ ငွေကောက်ခံမှူရှိနေကြောင်း သိရသည်။

” ယခုနှစ် ကျောင်းပြောင်းလက်မှတ်အတွက် ကျောင်းအုပ်တွေက ငွေတောင်းတယ်၊ ငါးသောင်း၊ တသောင်း၊ ငါးထောင် ဆိုပြီး အသီးသီးငွေတောင်းတယ်” ဟုကျောင်းသားမိဘ တဦးကပြောသည်။

No comments: