KNG
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ၁၀ ကျော်သက် ကလေးတဦးသည် မြန်မာ အစိုးရ စစ်သား များ၏ သြဂုတ်လ ၁၁ ရက်နေ့ မှားယွင်း ပစ်ခတ် မှုကြောင့် သေဆုံး ခဲ့သည်။
အသက် ၁၅ နှစ်ခန့် အရွယ် ယောက်ျား လေးမှာ မန်ဂျေ(မံစီ)မြို့ နယ်ရှိ တောင်ပုလွေ ဟုခေါ်သည့် ရှမ်းရွာမှ ဖြစ်သည်။
လက်နက်မဲ့ ကလေး ငယ်အား မန်ဂျေမြို့ နယ်တွင် စစ်ရေး လှုပ်ရှား နေသော ဆားမှော် နယ်မြေခံ တပ်ရင်း ခလရ (၁၀၅)မှ ဗိုလ်မှူး ဇော်ညိုမြင့်ဦး ကွပ်ကဲသည့် စစ်ကြောင်း-၂ မှ စစ်သားများ လိုက်လံ ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ရွာသား များပြောသည်။
ယင်း စစ်ကြောင်းသည် ယခုချိန် မုံးခေါင် (Mung Hkawng)ကျေးရွာ စစ်စခန်းတွင် အခြေစိုက်ကာ မန်ဂျေမြို့ နယ်အတွင်း စစ်ရေး လှုပ်ရှားနေပါသည်။
“ကလေးက နား သိပ်မကြား ဘူး။ စစ်ကြောင်း ကိုတွေ့တော့ ကလေးက ကြောက်ပြီး ပြေးတယ်။ ပြေးတော့ စစ်သားများ နောက်က လိုက်လံ ပစ်ခတ်တယ်။ ပစ်ခတ်ခြင်း မလုပ်ရန် ကလေးရဲ့အဖွားက အကြိမ်ကြိမ် ဟန့်တား ပေမဲ့ မရပါဘူး။” ဟု ရွာသားတဦး ကချင် သတင်းဌာနသို့ ပြောသည်။
အပြစ်မဲ့ ပစ်ခတ်ခံရသည့် ကလေးအား ညနေ ၄ နာရီနှင့် ၅ နာရီကြား မန်ဂျေဆေးရုံသို့ သယ်ယူသွားစဉ် သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားသည်ဟု ဆိုသည်။
ထိုကလေးအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် မှားယွင်းကာလိုက်လံ ပစ်ခတ် လိုက်ခြင်း ဖြစ်နိုင် သည်ဟု ၎င်းဒေသမှ KIA အရာရှိ တစ်ဦး ပြောသည်။
ခလရ (၁၀၅)သည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက မန်ဂျေမြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ရေးလှုပ်ရှားချိန်မှ အခြား အပြစ်မဲ့ ပြည်သူများကိုလည်း ပစ်ခတ်သတ်ဖြတ်ခြင်းများရှိကြောင်း ဒေသခံများပြောသည်။
ပြီးခဲ့သည့် ဇွန်လ မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲစတင်ဖြစ်ပွားလာချိန်မှ မန်ဂျေမြို့နယ်အတွင်း ဒေသအခြေစိုက် KIA တပ်ရင်း ၁၂ နှင့် အစိုးရစစ်သားများကြား တိုက်ခိုက်မှုများ ဖြစ်ပွားလာသည်။
No comments:
Post a Comment