Saturday, August 20, 2011

KIA နှင့်တိုက်ပွဲ မြန်မာစစ်သည် ၂ ဦးကျဆုံး

သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ဝါဝမ်ကျေးရွာအနီး ၁၃ မိုင်၌ ဗန်းမော် -မြစ်ကြီးနား ကား လမ်း လုံခြုံရေးယူထားသောမပခလက် အောက်ခံ ခလရ ၄၇ မှ တပ်ဖွဲ့တစ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ ယမန်နေ့ နံနက် ၇ နာရီက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာစစ်သည် နှစ်ဦး ကျဆုံးသွား ကြောင်း စုံစမ်းသိရသည်။

နှစ်ဘက်တိုက်ပွဲ မိနစ်အနည်းငယ်မျှသာကြာမြင့်ပြီး KIA မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သင့်၍ မြန်မာစစ် သည်နှစ်ဦး ကျဆုံးသည်ဟု ဒေသခံ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကားလမ်းလုံခြုံရေးယူထားတဲ့ ခလရ ၄၇ နဲ့ ဖြစ်တာ တိုက်ပွဲကတော့ သိပ်မကြာဘူး ကေအိုင်အေကလက်နက်ကြီး တွေနဲ့ပစ်တာ ခလရ ၄၇ က နှစ်ယောက် ကျသွားတယ် ” ဟု ၄င်းကားသမားက ဆိုသည်။

KIAဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိမသိရပေ။

ယခုလ ၁၇ ရက်နေ့ကလည်း KIAတပ်ဖွဲ့များ တရုတ်နယ်စပ်အနီးရှိ မြန်မာအစိုးရစစ်ဆေးရေးဂိတ်တစ်ခုကို စီး နင်း တိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ထုတ် မြန်မာအစိုးရသတင်းစာက စွပ်စွဲရေးသားထားသည်။

No comments: