Monday, June 4, 2012

စစ်တွေမြို့ ပစ်ခတ်မူတွင် ဒဏ်ရာ ရသူများ စာရင်း

မောင်ရမ္မာ

စစ်တွေမြို့တွင် ယမန်နေ့ ညနေ မေလ ၃ ရက်နေ့ ညနေပိုင်း ၁၁ နာရီမှ စ တင်ကာ မေလ ၄ ရက်နေ့ နံနက်ပိုင်း အထိ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့မှ ပစ်ခတ် လူစုခွဲမှုကြောင့် ဒဏ်ရာရရှိသူ (၁၁ ဦး) ရှိခဲ့ပါ သည်။ ဒဏ်ရာ ရသူ များ စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ ကိုကျော်သူမင်း (၂၅ နှစ်) ဘယ်ဖက်လက်မောင်း ဒဏ်ရာရ ၂။ ကို အောင်ချေ (၂၉ နှစ်) ယာဖက်ပါးပြင်နှင့် ရင်ဘတ်တွင် ဒဏ်ရာရ ၃။ ဦးလှ မောင်သိန်း( ၄၈နှစ်) နားရွက်စုတ်ပြဲ ဒဏ်ရာရ ၄။ ကိုနေထွန်း (၂၈ နှစ်) ပေါင်ရင်း နှင့် ခြေမ ဒဏ်ရာရ။ ၅။ ကိုကျော်အေးနိုင် (၂၃နှစ်) ခြေဖနောင့် ဒဏ်ရာရ ၆။ ရှင်ဝဏ္ဏသာမိ (၁၁ နှစ်) ခြေသလုံး ဒဏ်ရာရ (နံနက်ဆွမ်း ချိုင့် သွားယူရာတွင် ရောထွေးထိခိုက်ခြင်းဖြစ်) ၇။ ကိုညီညီ မောင် (၃၁ နှစ်) ဘယ်ဖက်လက်မောင်းတွင် ဒဏ်ရာရ။၈။ ကိုမျိုးအောင် (၂၉ နှစ်) ဘယ်ဖက်လက်ဖျံ ဒဏ်ရာရ ၉။ ကိုခင်မောင်ကျော် (၂၈ နှစ်) ပေါင်ဒဏ်ရာရ။ ၁၀။ ကိုမောင်မြဟန် (၂၃ နှစ်) ခြေသလုံးရိုး ဒဏ်ရာရ ၁၁။ ဦးမောင် ကျော်လှ (၄၈ နှစ်) အထက(ခွဲ) ကျောင်းအုပ်ကြီး ဒူးတွင် ဒဏ်ရာ ရ (နာ ရေးတစ်ခုသို့အသွားတွင် ရောထွေးထိခိုက်ခြင်းဖြစ်) တို့ဖြစ်သည်။

အဆိုပါဖြစ်ရပ် အပြီးတွင် လုံထိန်းတပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးသွားကြောာင်း သိရသည်။

ကိုထွန်းဝေလည်း သေဆုံးခဲ့ခြင်းမှာ ပစ်ခတ်မှုများကြောင့်မဟုတ်ဘဲ စခန်းသို့ပြန် အရောက်တွင် သေနတ်ကျည်များကို ရှင်းလင်းရာမှ ကျည် ထွက် ပေါက်၍ မတော်တဆ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရ သည်။

No comments: