Thursday, June 21, 2012

သေဒဏ် ချမှတ်ခံရသူ ၂ ဦး ကျောက်ဖြူမှ စစ်တွေသို့ ယူဆောင်

နိရဉ္စရာ

ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာသူ မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ်မူဖြင့် သေဒဏ် စီရင် ချမှတ်ခံရသူ နှစ်ဦးကို ကျောက် ဖြူမှ စစ်တွေသို့ ယနေ့တွင် ယူဆောင်လာကြောင်း သိရသည်။

စစ်တွေသို့ ယူဆောင်သွားသူ နှစ်ဦးမှာ သေဒဏ် စီရင်ချမှတ်ခံရသူ ရော်ဟီး (၁၈) နှစ်နှင့် လူယု (၂၁)နှစ် တို့ဖြစ်ပြီး သူတို့ နှစ်ဦးကို ယနေ့ နေ့လည်ပိုင်းက လေယာဉ်ဖြင့် ယူဆောင်လာကြောင်း မျက်မြင်များက ပြောသည်။

သူတို့ နှစ်ဦးအား စစ်တွေထောင်သို့ ယူဆောင်လာခြင်းမှာ ကျောက်ဖြူထောင်တွင် ကြိုးတိုက် မရှိသည့်အတွက် ဖြစ်ကြောင်း ထောင်အာ ဏာ ပိုင် များကို ကိုးကားပြီး ဒေသခံ တစ်ဦက ပြောသည်။

သေဒဏ် စီရင်ခံရသူမှာ (၃) ဦးဖြစ်ပြီး နောက်ထပ် တရားခံ တဦးဖြစ်သူ ထက်ထက် (ရော်ရှီး) ၂၃ နှစ်မှာ ထောင်ထဲတွင် ၀တ်ထားသော လုံ ချည်ကို ကြိုးအဖြစ် အသုံးပြုကာ မိမိကိုယ်ကိုယ် အဆုံး စီရင် သွားခဲ့သည်။

သူတို့အမှုကို ဇွန်လ ၈ ရက်နေ့က ပထမဆုံး အကြိမ် ကျောက်ဖြူ ခရိုင်တရားရုံးတွင် စတင် စစ်ဆေးခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့မှ ၁၅ရက်နေ့အ ထိ နှစ်ဖက်လုံးမှ သက်သေများ၊ တရားလို တရားခံများကို စစ်ဆေးခဲ့သည်။

သူတို့ ကို ဇွန်လ ၁၈ ရက်နေ့က ကျောက်ဖြူ ခရိုင်တရားရုံးမှ ပုဒ်မ ၃၀၂ – ၁ (ဂ) နှင့် အပြီးသတ် သေဒဏ် ချမှတ်လိုက် ခြင်း ဖြစ် သည်။

မသီတာထွေး သတ်ဖြတ်ခံရပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မူ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၁၀၀ နီးပါး သေ ဆုံးကာ လူပေါင်း ၅၀၀၀၀ ခန့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

No comments: