Friday, June 8, 2012

ရေကြီးရေလျှံမှုဖြစ်သည့် ကျေးရွာများ ပျက်စီးဆုံးရှုံးမှုများ

နော်နိုရင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ပါချန်မြစ် ရေ လျှံပြီး ရေကြီးမှုဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် က ကျေးရွာတွေမှာ ရေကျသွားပြီဖြစ် ပါတယ်။ ရေကြီး မှုကြောင့် နေအိမ် တချို့နဲ့ ပစ္စည်း အတော်များများ ပျက်စီးသွားတယ်လို့ ဒေသ ခံတွေ က ပြောပါတယ်။

ထိုင်းနယ်စပ်ရွာကလေးဖြစ်တဲ့ အေးချမ်းသာရွာမှာ ရေကြီးတဲ့နေ့က နေအိမ် တလုံး ရေထဲမျောပါသွားသလို ဒေသခံတွေရဲ့ ပစ္စည်း အတော်များများ ပျက်စီး သွား ခဲ့တယ်လို့ ဒေသခံ ရွာသား တဦးက ပြောပါ တယ်။

“ကျမတို့ရွာမှာကတော့ ပစ္စည်းတန်ကြေးကတော့ နည်းမှာတော့မဟုတ်ဘူး။ သေချာ အတိအကျတော့ တွက် မကြည့်ရဘူး။ တော်တော်လေးကို များတယ်။ ဆိုင်က ပစ္စည်းတွေလည်း ပါသွားသလိုပေါ့ အိမ်က ပစ္စည်းတွေလည်း ပါကြ တယ်။ ကျမတို့ အခုနေတဲ့ နေရာက ထိုင်းနဲ့ နယ်စပ်ပေါ့။ ချောင်း တချောင်း ပဲ ခြားတယ်ပေါ့။ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ဘတ် ၁၅ ဘတ်လောက် ပေးရင် ရောက်သွား တဲ့ နေရာ ဆိုတော့ အဲဒီမှာ ပစ္စည်းတွေကတော့ ဝယ်ခြမ်းထားတဲ့ ဟာတွေပေါ့။ အိမ်တိုင်းမှာလိုလို တယ်လီဗေး ရှင်းတို့၊ စီဒီတို့ တွေ ကရှိနေကြတယ်။ အဲဒါတွေ ပါတဲ့ လူတွေ ပါတယ်။ အခု အိမ်ဆောက်နေရင်းနဲ့ လက် သမားပစ္စည်းတွေ၊ ဘိလပ်မြေ တွေ အကုန်လုံး ရေမြုပ် ကုန်တယ်။ အိမ်သုံးပစ္စည်း အိုးခွက်ပန်းကန်တွေ အကုန်မျော။”

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်း မိုး အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ပါချန်မြစ်ရေ လျှံသလို တောင်ကျ ရေတွေ ကြောင့် ကော့သောင်း ခရိုင် ခ မောက်ကြီးရွာ က အေးချမ်းသာ၊ အောင်ချမ်း သာ၊ ဖော့သုတ်၊ မာ တန်း၊ ဆိပ်ဖူး၊ လုံးဖော၊ စတဲ့ ရွာတွေမှာ ရေမြုပ်ခဲ့ ပါတယ်။

ဖော့သုတ်နဲ့ ဆိပ်ဖူး ရွာမှာ ပျက်စီးမှုတွေ ပိုများတယ်လို့ ဒေသခံက ပြောပါတယ်။ အဲဒီရွာတွေမှာ အရင်က မိုးတွင်းကာလရေတက်လေ့ရှိ ပေ မယ့် အခုလောက် ဆိုးရွားမှု မရှိဘူးလို့ ဆိုပါတယ်။

No comments: