Monday, June 4, 2012

ရခိုင်ပြည်နယ်တွင်းမှ ကိစ္စများ အစိုးရ အထူးသတင်းထုတ်ပြန်

လင်းဘိုဘို | တနင်္လာနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက ဌာနဝက်ဘ်ဆိုက်တွင် အထူးသတင်း တ ရပ် ထုတ်ပြန်ထားသည်။

တနင်္ဂနွေနေ့က ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များအပေါ် အစိုးရ ကိုင်တွယ် ဖြေရှင်း မှုများနှင့် ပတ်သက်၍ တနင်္လာနေ့ည ရုပ်သံအစီအစဉ်များနှင့် ဇွန် ၅ ရက် ထုတ် သတင်းစာများတွင် ဖော်ပြပေးသွားမည်ဟု ပြန်ကြား ရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ဇွန် ၃ ရက်နေ့က တောင်ကုတ်မြို့နယ်တွင် လူ ၁ဝ ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် စစ်တွေမြို့မှ ရဲစခန်း ပဋိပက္ခနှင့် ပစ်ခတ်မှု ဖြစ် စဉ် များမှ မှတ်တမ်း ဓါတ်ပုံများ ဇွန်လ ၄ ရက် နံနက် အစော ပိုင်းကတည်းက သတင်းဌာန ဝက်ဘ်ဆိုက်နှင့် အင်တာနက် စာမျက်နှာ များတွင် ပျံ့နှံ့ နေသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ တဆင့် ထုတ်ပြန်ချက်တွင် တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေနှင့် အညီသာ နေထိုင်သွားကြရန် အ စိုးရ၏ မေတ္တာရပ်ခံချက် ဖော်ပြပါရှိသည်။

No comments: