Sunday, June 10, 2012

မူဆယ်တွင် ဗုံးဆက်တိုက် ပေါက်ကွဲ

ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ညသန်းခေါင်ကျော် အချိန်တွင် နယ်စပ် ကုန်သွယ်ရေး မြို့ဖြစ်သော မူဆယ်မြို့တွင် ဗုံး ၅ လုံး ဆက်တိုက် ပေါက် ကွဲခဲ့ကြောင်း မူဆယ် ဒေသခံ မျက်မြင်များက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုကို ည ၉ နာရီခန့်မှ စတင်ပေါက်ကွဲပြီး ဆက်တိုက် ပေါက်ကွဲခဲ့ရာ နောက်ဆုံး ပေါက်ကွဲချိန်သည် ညသန်းခေါင်ကျော် အချိန် ဖြစ်သည်ဟု သိရသည်။

ပေါက်ကွဲခဲ့သော ဗုံးအများစုမှာ မူဆယ် ပြည်ထောင်စု လမ်းမကြီး အလယ်ရှိ ကျွန်းများနှင့် အမိုက်ပုံများတွင် ပေါက်းကွဲခဲ့ပြီး နောက်ဆုံး ပေါက် ကွဲခဲ့သော ဗုံးတစ်လုံးမှာ ဒု သမ္မတ ဒေါက်တာ စိုင်းမောင်ခမ်း ခြံဝင်း အတွင်းရှိ အမှိုက်ပုံမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြော သည်။

အဆိုပါ ဗုံးများ ပေါက်ကွဲချိန်တွင် လူအသွား အလာ နည်းသော အချိန် ဖြစ်သောကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူ မရှိဟု မူဆယ်မြို့ခံ ကပြော သည်။ သို့သော် ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရသူ မရှိသော် လည်း ဆက်တိုက် ပေါက်ကွဲမှုကြောင့် ဒေသခံမျာမှာ စိုးရိမ် ထိတ်လန့်နေရ သည်ဟု သိရှိရသည်။

No comments: