Tuesday, June 12, 2012

ပေါက်တောတွင် ရခိုင်အိမ် ၁၇ ဆောင် မီးတိုက်ခံ

နိရဉ္စရာ

ယခု ဓါတ်ပုံမှာ စစ်တွေတွင် လတ်တလော ဖြစ်ပွားနေသော အရေးအခင်းမှ ဓါတ်ပုံ ဖြစ်ပါသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် ယမန်နေ့က ရခိုင်အိမ် ၁၇ ဆောင် မီးရှို့ခံရကြောင်း သတင်း ရရှိသည်။

“ ရခိုင်အိမ် ၁၇ ဆောင် မီးထဲပါသွားပါတယ်။ မွတ်ဆလင်တွေက လာတိုက်တာ ဖြစ်ပါတယ်။ သူတို့အိမ်က စမီးရှို့တော့ သူတို့အိမ် ၂ဆောင် လောင်ပြီး ရခိုင်အိမ် ၁၇ ဆောင်မီးထဲပါသွားတယ်” ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ မီးရှို့မူကြောင့် တဘက်နှင့် တဘက် တိုက်ခိုက်ကြရာ ရခိုင်လူငယ် ၅ ဦးခန့် ဒဏ်ရာ ရရှိပြီး မွတ်ဆလင် တစ်ဦး သေဆုံးကာ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မူမှာ ဇွန်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ပေါက်တောမြို့ပေါ် ရပ်ကွက် တစ်ခု ဖြစ်သော ဘ၀ိုင်းတွင် ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

၎င်းအရေးအခင်းကို စစ်တပ်က အချိန်မှီ ၀င်ထိန်းခဲ့သဖြင့် ပြဿနာမှာ ယခုအခါ အေးအေးဆေးဆေး ဖြစ်နေကြောင်း သိရသည်။ ပေါက်တော မြို့နယ်တွင် ဘုန်းကြီးကျောင်း သုံးကျောင်း မီးတိုက် ခံရ သည်ဟု သတင်းထွက်ပေါ်နေသည်ဟု မေးမြန်းရာ သူမက မကြားရ သေးကြောင်း ပြောကြားသည်။

အသေးစိတ် သိရှိနိုင်ရန် ပေါက်တောမြို့နယ် ရတပ ရုံးကို ဖုံးဆက်ရာ ဖုံအဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး စစ်တပ်မှ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်ထား သည်ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

No comments: