Friday, June 8, 2012

ရွာသားတဦးကို အာရုံကြော ထိခိုက်အောင် ရိုက်နှက်စစ်ဆေးသည့် ရဲသားကို အ ပြစ်ယူမှု မရှိသေး

ကောင်းဝါ

ရိုက်နှက်စစ်ဆေးသည့် ဒဏ်ကြောင့် ရက် ၂၀ ကြာ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသမှု ခံနေရသည့် မောင်သက်ပိုင်စိုး (Photo-Aotjae)

“ကျနော်ကိုယ်တိုင် ပြည်နယ် ဝန်ကြီးချုပ်ဆီကို မေလကတည်းက စာတင်ထားတယ်။ ဒါပေမဲ့ ရိုက်နှက်စစ်ဆေးတဲ့ ရဲကိုတော့ ခုထိ အရေးမ ယူသေးဘူး၊ ရွာတွေမှာ သွား လာနေတာ ခုထိ ကျနော်တို့ တွေ့နေရတုန်းပဲ” ဟု သူက ပြောသည်။

ဒေါက်တာအောင်နိုင်ဦးမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သည်။

“ပြည်နယ်အစိုးရက ဒါတွေကို ပြတ်ပြတ်သားသား ကိုယ်တွယ် ပေးရမယ်။ အရေးယူသင့်ရင် အရေးယူရမယ်၊ ဖြုတ်သင့်ရင် ဖြုတ်ရမယ်။ ဒီကိစ္စ ကိုတောင် မကိုင်တွယ် နိုင်ရင် ကောင်းမွန်တဲ့ အစိုးရလို့ ဘယ်လိုမှ ပြောလို့မရဘူး” ဟု သူက ဆက်ပြောသည်။

လူနာအား ရိုက်နှက်စစ်ဆေးစဉ်တွင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိသည့် ဒဏ်ကြောင့် မောင်သက်ပိုင်စိုးမှာ အာရုံကြော ထိခိုက်ကာ ပခုံးဆစ် နှင့် လက်နှက်ဖက်မှာ လှုပ်ရှား၍ မရတော့ကြောင်း၊ ပေါင်ကြား မှ ဒဏ်ရာများလည်း ကောင်းစွာ မကျက်သေးကြောင်း ပြောသည်။

ဧပြီလ ၁၉ ရက်နေ့ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ မုဒွန်းရွာသားတဦး သေဆုံးနှင့် ဆက် နွယ်သည် ဟူသည့် သံသယဖြင့် မောင်သက်ပိုင်စိုး အပါအဝင် လူငယ် ၁၃ ဦးကို ချောင်းဆုံရဲများက ဧပြီလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အ ပြစ်မဲ့သူ ၉ ဦးကို ပြန်လွှတ်ပေးခဲ့ရာ မောင်သက်ပိုင်စိုးလည်း ပါဝင်ခဲ့သည်။

ရိုက်နှက်စစ်ဆေးစဉ်တွင် ခံရသည့်ဒဏ်ကြောင့် ပြန်လွတ်လာသည့် မေလ ၁၈ ရက်နေ့တွင်ပင် ချောင်းဆုံဆေးရုံသို့ တင်ပို့ခဲ့ရာမှ မေလ ၁၉ ရက်နေ့တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုး အကြော အဆစ် အထူးကုဌာနသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။

လူနာအား ပြည်နယ် ရဲမင်းကြီးမှ ငွေကျပ် တသိန်းခွဲ တကြိမ်၊ နှစ်သိန်း တကြိမ် လာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ကိုသက်ပိုင်စိုး၏ မိခင်က ပြောသည်။

သို့သော်လည်း မိသားစုများအနေနှင့် ရိုက်နှက်စစ်ဆေးသူကို အမှုဖွင့် တိုင်ကြားရန် မဝံ့ရဲကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

No comments: